အခုနောက်ပိုင်း ရုံးပြန်တက်နေရပြီဖြစ်တာကြောင့် ပျိုမေတို့ အနေနဲ့ အလုပ် သွားတဲ့အချိန် လှလှလေး ဝတ်သွားချင်မှာပါ။ ကိုးရီးယား ဇာတ်လမ်းတွေထဲမှာ အလုပ်ကို ကျော့ကျော့လေး ဝတ်သွားတတ်တဲ့ ဇာတ်လိုက် မင်းသမီးတွေလို သင်ကိုယ်တိုင် ဖြစ်နိုင်ပါတယ်။ အဝတ်အစားတွေကို ဘယ်လို တီထွင်ဆန်းသစ်နိုင်မလဲ နည်းလမ်းတွေကို သိဖို့ပဲ လိုတာပါ။ ဒီတော့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

Blazer နဲ့ Jeans ဘောင်းဘီက ထူးခြားပြီး လှတဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။ ကြယ်သီး ရွှေရောင်ပါတဲ့ Blazer နဲ့အတူ Loafer ရွှေရောင်ကြိုးနဲ့ အတွဲအစပ်က လိုက်ဖက်ပါတယ်။

အလုပ်သွားတဲ့ အချိန် ဝမ်းဆက် အင်္ကျီဘောင်းဘီ စတိုင်က သိပ်စဉ်းစားစရာမလိုဘဲ စမတ်ကျတဲ့ စတိုင်ပါ။

ရာသီဥတု အေးတဲ့ရက်တွေမှာ ဆွယ်တာအပါး နဲ့အတူ ဂျင်းဘောင်းဘီရှည်ကို တွဲနိုင်ပါတယ်။ ဘွတ်ဖိနပ်နဲ့ဆိုရင်တော့ အမိုက်ဆုံးပေါ့။

သင်က အဖြူအနက် Outfit မျိုး ရွေးမယ်ဆိုရင် တခြား ရောင်စုံ Accessories လေးတွေ ထည့်ပြီး အရောင်ကစားနိုင်ပါတယ်။

အထက်တန်းဆန်ဆန် ကျက်သရေရှိရှိ လူကြီးပီသတဲ့ Outfit မျိုးရှာနေရင်တော့ ဖော်ပြပါ Outfit နဲ့ သင့်တော်မှာပါ။

ဇာအင်္ကျီတွေက ခေတ်နောက်မကျသေးပါဘူး။ ဇာနဲ့အတူ ဘောင်းဘီပွလေးက စမတ်ကျပါတယ်​။

သင့်အလုပ်က ပေါ့ပေါ့ပါးပါး စတိုင်လေးတွေ ဝတ်ဖို့ ခွင့်ပြုတယ်ဆိုရင်တော့ ဂါဝန်နဲ့အတူ အပြင်ထပ် Warm Tone Color လေး ဝတ်နိုင်ပါတယ်။

သင်က အလုပ်မှာ အကြီးတွေနဲ့၊ ဧည့်သည်တွေနဲ့ တွေ့ရတဲ့နေ့ ယုံကြည်မှုရှိရှိ ဖြစ်ချင်ရင်တော့ အရောင်ရင့် Outfit လေးက ကူညီပေးမှာပါ။

မိန်းကလေးဆန်ဆန် ကျက်သရေရှိရှိ အလုပ်သွားချင်ရင်တော့ ဒီစတိုင်လေးက အံကိုက်ပါပဲ။

လူငယ်တွေပဲ ဖွဲ့စည်းထားတဲ့ အလုပ်ခွင်မျိုးကို သွားနေရတယ်ဆိုရင်တော့ ဒီစတိုင်လေးကို Try ကြည့်သင့်ပါတယ်။

သင့်အလုပ်မှာ အခမ်းအနား၊ ပွဲတွေ လုပ်တဲ့နေ့တွေမှာ ဖော်ပြပါ စတိုင်က အလှဆုံး ဖြစ်မှာပါ။

Source: Preview.ph

By MyStyle Myanmar