အခုမှ Workout စလုပ်မယ့် Beginner တွေအတွက် အိမ်မှာလုပ်ဖို့ဆိုရင် အကောင်းဆုံးဖြစ်တဲ့ Workout 11 မျိုး မျှဝေပေးလိုက်ပါတယ်။ Full Body Workout တွေဖြစ်လို့ လူတိုင်းလုပ်ဖို့ အဆင်ပြေပါတယ်။

1. Squats

ပုံမှာလုပ်ပြထားတဲ့အတိုင်း Squats ထိုင်တာကို 15 ကြိမ်မှ အကြိမ် 30 အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးပါ။

2. Pushups

Pushups ကတော့ 8 ကြိမ်မှ 12 ကြိမ်အထိ ကိုယ်အဆင်ပြေသလောက် လုပ်ပေးနိုင်ပါတယ်။

3. Planks

Planks ထောက်တာကတော့ အနည်းဆုံး စက္ကန့် 30 ရအောင် နေပေးရပါမယ်။

4. Jumping Jacks

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခုန်တဲ့အခါမှာ လက်နှစ်ဖက်ကိုပါ မြှောက်ပြီးခုန်ရမှာ ဖြစ်ပါတယ်။ ဒီ Workout ကိုတော့ 1 မိနစ် လုပ်ပေးရပါမယ်။

5. Goblet Squats

Weight တုံးကို ပုံမှာလုပ်ပြထားသလိုကိုင်ပြီး ထိုင်လိုက်ထလိုက် လုပ်ရမှာပါ။ 10 ကြိမ် 12 ကြိမ် လုပ်ပေးပါ။

6. Lunges

Weight တုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပုံမှာလုပ်ပြထားသလို လုပ်ပေးရမှာပါ။ ခြေထောက်ကိုကွေးတဲ့အခါ 90 ဒီဂရီဖြစ်အောင် ကွေးရပါမယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးပါ။

7. Shoulder Presses

Weight တုံးကို လက်နှစ်ဖက်နဲ့ ပုံမှာလုပ်ပြထားသလိုကိုင်ပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက်နဲ့ 10 ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

8. Jump Squats

ပထမပုံထဲကလို တစ်ဝက်ထိုင်နေရာကနေ ဒုတိယပုံထဲကလို ခုန်ရမှာ ဖြစ်ပါတယ်။ 10 ကြိမ် လုပ်ပေးရင်ရပါပြီ။

9. Mountain Climbers

Mountain Climbers လုပ်တဲ့အခါ ဖြေးဖြေးချင်းစီမလုပ်ပဲ နည်းနည်းမြန်မြန်လေး လုပ်ပေးပါ။ စက္ကန့် 30 လုပ်ပေးရင် ရပါပြီ။

10. Planks with Leg Lifts

Planks ထောက်နေတဲ့ အနေအထားနဲ့နေပြီး ဘယ်ခြေထောက်ကိုမြှောက်လိုက်၊ ညာခြေထောက်ကိုမြှောက်လိုက် လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးပါ။

11. Bicycle Crunches

Bicycle Crunches လုပ်တဲ့အခါမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးရပါမယ်။