လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လှပတဲ့ ကြယ်ပုံစံ လက်သည်းဒီဇိုင်း ၁၁ မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ရင် ကြယ်ပုံစံဒီဇိုင်းမျိုးကို သိပ်ပြီးပုံဖော်လေ့မရှိကြတဲ့အတွက် သူများနဲ့မတူတဲ့ ဒီဇိုင်းမျိုးတွေ ပုံဖော်ချင်တဲ့အခါ ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်နော်။

လူငယ်ဆန်ပြီး အရမ်းလှတဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပါ။ လက်သည်းရှည်ရင် ပုံဖော်ကြည့်သင့်တဲ့ ဒီဇိုင်းမျိုးပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ မိုးပြာရောင်၊ ခရမ်းရောင်နုနုလေးတွေ ကြိုက်တဲ့သူတွေ ပုံဖော်ကြည့်သင့်တဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

မိုးပြာရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက် အရမ်းလှတဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပါ။

ဒီဇိုင်းလေးဆန်းတဲ့အပြင် အရမ်းလည်းလှတဲ့ ဒီကြယ်ပုံစံလက်သည်းဒီဇိုင်းလေးကိုလည်း လက်သည်းရှည်ရင် ပုံဖော်ကြည့်နော်။

လက်သည်းအတိုအရှည် တော်တော်များများနဲ့လိုက်ဖက်တဲ့ လူငယ်လည်းဆန်တဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပါ။

ဒီကြယ်ပုံစံလက်သည်းဒီဇိုင်းလေးကတော့ ရိုးရှင်းပါတယ်။ ကိုယ်တိုင်တောင် ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။ အရောင်စပ်ထားတာလေးကလည်း ဘိုဆန်ပြီးလှပါတယ်။

လက်သည်းအရှည်ကြီးထားတဲ့ ကောင်မလေးတွေအတွက် အရမ်းလှပြီး ကြည့်လိုက်တာနဲ့ ထင်းနေစေမယ့် ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပါ။

ဒါကတော့ ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်ဖို့အတွက် လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်ပြီး လူငယ်လည်းဆန်သလို Fancy လည်းဆန်တဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

လက်သည်းအရှည်မထားတဲ့ ကောင်မလေးတွေပုံဖော်ဖို့ လူငယ်ဆန်ပြီးလှတဲ့ ကြယ်ပုံစံလက်သည်းဒီဇိုင်းလေးပါ။

ရိုးရိုးလေးပေမယ့် အရောင်စပ်ထားတာလေးကြောင့် အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်သွားတာပါ။ ပန်းရောင်ကြိုက်ရင် ဒီလိုလေးလည်း ပုံဖော်ကြည့်နော်။