Disney ကာတွန်းကားတွေကိုတော့ မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ ဘယ်အချိန် ကြည့်ကြည့် မရိုးနိုင်တာကလည်း Disney ကာတွန်းဇာတ်လမ်းတွေပါပဲ။ ဒါကြောင့်ပဲ စုံတွဲတချို့က သူတို့ သဘောကျတဲ့ Disney ထဲက ကာတွန်းပုံစံတွေကို တက်တူးထိုးတတ်ကြပါတယ်။ ဒီကာတွန်းကားတွေကို လူတိုင်းလိုလို သိတာကြောင့် သင်နဲ့ သင့်ချစ်သူက အောက်ဖော်ပြပါ တက်တူးပုံစံတွေကို ထိုးလိုက်တဲ့အချိန် ဘာကို ကိုယ်စားပြုလဲ အလွယ်တကူ သိနိုင်ပါတယ်။ ဒီတော့ ချစ်သူနဲ့ လက်ရှိထက် ပိုစိတ်ကူးယဉ်ဆန်ဆန်လေး တူတူ တက်တူးထိုးနိုင်ဖို့ Disney Cartoon Couple Tattoo ပုံစံတွေကို ကြည့်လိုက်ရအောင်နော်-
BEAUTY AND THE BEAST အပြင် Outline ပုံ

MICKEY နဲ့ MINNIE ရဲ့ အကြင်နာ အနမ်း
THE LITTLE MERMAID

BEAUTY AND THE BEAST နောက်ပုံစံ တစ်မျိုး

MICKEY နားရွက်ကိုမှ ပုံဖော်ထားတာလေး
Disney လောကကြီးက မှော်ဆန်ဆန်နဲ့ လှပတဲ့ နေရာတစ်ခုပါ။ သင်ချစ်ရသူနဲ့ ဒီမှော်ဆန်တဲ့ ဖန်တီးမှုတွေရဲ့ ပါဝင်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ရတာ ကြည်နူးဖို့ ကောင်းပါတယ်။ ချစ်ရသူကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။
Source: Allwomenstalk.com
By MyStyle Myanmar







