လက်သည်းပုံဖော်တာတွေများလာရင် အပြောင်းအလဲဖြစ်အောင် ဗြောင်လေးတွေပြောင်းဆိုးကြည့်ပါ။ ခဏလေးနဲ့ပျက်မှာစိုးရင် Gel လက်သည်းနီလေးတွေဆိုးပါ။ အမြင်ရှင်းပြီး တစ်မျိုးလေး လှတာပါပဲ။ ဒါကြောင့် ဆိုးတဲ့အခါမှာ တကူးတက အရောင်တွေစဉ်းစားနေစရာမလိုအောင် လူငယ်ဆန်ပြီးလှပတဲ့ လက်သည်းနီအရောင် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းရောင်ဆိုးရင် အသားမဲမှာကြောက်နေတဲ့သူတွေ ရှိပါတယ်။ ဒီပန်းရောင်လေးကတော့ အသားဖြူဖြူ ညိုညို အားလုံးနဲ့လိုက်ဖက်တဲ့ အရောင်လေးပါ။ ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လူငယ်ဆန်ဆန် အရောင်လေးပါ။

အဝါရောင်လေးကတော့ နွေရာသီ၊ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ အရောင်လေးပါ။ လူငယ်ဆန်ပြီးလှပတဲ့ အရောင်လေးဖြစ်သလို ကြည့်လိုက်တာနဲ့လည်း ထင်းနေမှာပါ။

အရောင်နုနုလေးနဲ့ ငြိမ်ပြီးလှတာမျိုးဆိုရင် ဒီလိုမိုးပြာရောင်လေးကို ရွေးဆိုးပါ။ အရမ်းလည်းလှပြီး လူငယ်ဆန်တဲ့ အရောင်လေးပါ။

အရောင်နုနုလှတာလေးဆိုရင်တော့ ဒီခရမ်းနုလေးက မပါမဖြစ်ပါပဲ။ အရောင်ငြိမ်ပြီး အရမ်းလည်းလှပါတယ်။ လူငယ်ဆန်တဲ့အရောင်လေး ဖြစ်ပေမယ့် လူကြီးတွေနဲ့ဆိုလည်း လိုက်တာပါပဲ။

ဒီအစိမ်းလေးက နွေရာသီနဲ့ဆိုအရမ်းလိုက်တဲ့ အရောင်လေးပါ။ လူငယ်ဆန်ပြီးလှသလို အသားလည်းဆောင်ပါတယ်။

အရောင်စိုစိုတောက်တောက်လေးဖြစ်လို့ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေစေမယ့် အရောင်လေးပါ။ အသားဆောင်ပြီး မိန်းကလေးဆန်တဲ့ အရောင်လည်း ဖြစ်ပါတယ်။

ဒီအရောင်ကတော့ အသားဆောင်ပြီး အရမ်းလှတဲ့အရောင်ပါ။ လက်မှာပဲဖြစ်ဖြစ်၊ ခြေထောက်မှာပဲဖြစ်ဖြစ် ဆိုးရင်အရမ်းလှတာကြောင့် ဗြောင်ဆိုးမယ်ဆိုရင် ရွေးချယ်သင့်တဲ့ အရောင်လေးပါ။

အပြာကိုမှ ထင်းပြီးတောက်တာမျိုး ဆိုးချင်တယ်ဆိုရင် ဒီအရောင်လေးကိုသာ ရွေးချယ်လိုက်ပါ။ အရမ်းလှပြီး လူငယ်ဆန်ပါတယ်။

အရောင်ရင့်တာမျိုးဆိုးမယ်ဆိုရင်တော့ ဒီခရမ်းရောင်က မြင်နေကျနဲ့မတူပဲ ဆန်းပြီးအရမ်းလှပါတယ်။ အသားလည်းဆောင်တာကြောင့် တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။

အလှဆုံးလက်သည်းနီအရောင်တွေထဲမှာ မပါမဖြစ်က ဒီအရောင်လေးပါပဲ။ ဘယ်တော့မှရိုးမသွားပဲ အသားဆောင်ပြီး လက်လေးပိုဖြူသွားစေမယ့် အရောင်လေးဖြစ်ပါတယ်။