မိန်းကလေးတွေအတွက် နာမည်ကြီး သြစတေးလျ personality fitness YouTuber ဖြစ်တဲ့ Chloe Ting ရဲ့ ခါးသေးပြီး တင်ပါးလုံးဝန်းစေမယ့် လေ့ကျင့်ခန်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဘာအကူပစ္စည်းမှမလိုပဲ workout ဖျာရှိရုံနဲ့ အိမ်မှာအေးဆေးလုပ်လို့ရတာဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေပါတယ်။

ပထမပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကိုမြှောက်ပြီး ညာလက်နဲ့ထိနိုင်သလောက် လုပ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ညာခြေထောက်ကိုမြှောက်ပြီး ဘယ်လက်နဲ့ထိနိုင်သလောက်လုပ်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ရပါမယ်။

ပထမပုံမှာပြထားတဲ့အတိုင်း workout ဖျာပေါ်မှာ လှဲနေပါ။ ပြီးရင် ဒုတိယပုံမှာပြထားတဲ့အတိုင်း ခြေထောက်နဲ့တင်ပါးကို အပေါ်မြှောက်ပေးပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ရပါမယ်။

ဒီလေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ကစားပေးရမှာပါ။ သူလည်း အကြိမ် ၃၀ လုပ်ရမှာပါပဲ။

ပထမပုံမှာပြထားတဲ့အတိုင်း ဒူးကွေးပြီး၊ ခြေဖဝါးနှစ်ခုကို ထိထားပါ။ ပြီးရင်တော့ ဒုတိယပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ခုကို ထိလျက် ပေါင်နှစ်ဖက်ကို ကားရပါမယ်။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။

နောက်လေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့အနေအထားနဲ့ စပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်တစ်ဖက်ကို ကွေးပြီးမြှောက်၊ လက်ကိုလည်း ပုံထဲကလိုလုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ဘက် အကြိမ် ၃၀၊ ညာဘက် အကြိမ် ၃၀ လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ကိုနောက်ပြန်ထောက်ပြီး ပထမပုံထဲကလို နောက်ကိုနဲနဲလှန်ပြီး ခြေထောက်ဆင်းပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်နှစ်ဖက်ကိုကွေးပါ။ ဒါလည်း အကြိမ် ၃၀ လုပ်ရပါမယ်။

ပုံမှပြထားတဲ့အတိုင်းနေပြီး ဘယ်ခြေထောက်ကိုကွေးပြီး ဘေးကိုကားလိုက်၊ ပြန်ချလိုက်၊ ညာခြေထောက်ကိုကွေးပြီး ဘေးကိုကားလိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် ၃၀ ပါပဲ။

ဒီလေ့ကျင့်ခန်းကတော့ ခုနကလေ့ကျင့်ခန်းနဲ့တူပါတယ်။ ဒါကတော့ ခြေထောက်ကိုကွေးပြီး ဘေးကားတာမျိုးမဟုတ်ပါဘူး။ ဘေးကိုဆန့်ထုတ်ပစ်ရမှာပါ။ အဲ့အတိုင်း ဘယ်၊ ညာတစ်လှည့်စီ အကြိမ် ၃၀ လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ကိုနောက်ပြန်ထောက်ပြီး ခြေထောက်ကိုစုထားပြီး ဘယ်ပို့လိုက်၊ ညာပို့လိုက်နဲ့ လုပ်ပေးရမှာပါ။ ဒါလည်း အကြိမ် ၃၀ စီပါပဲ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပြီး ဒူးထောင်ထားပါ။ ပြီးရင် ဘယ်လက်နဲ့ ညာခြေမျက်စိကိုထိ၊ ညာလက်နဲ့ ဘယ်ခြေမျက်စိကိုထိအောင် လုပ်ရမှာပါ။ ဒါလည်း အကြိမ် ၃၀ စီပါပဲ။

Source:www.chloeting