အားလုံးပဲမင်္ဂလာပါ။ ကိုယ်ပုံမှန်လုပ်သွားတဲ့အရာက တဖြည်းဖြည်း ကိုယ့်ပုံစံကို ပြောင်းလဲစေတတ်ပါတယ်။ သင်က အမြဲစိတ်ညစ်နေတတ်တယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ဒီစိတ်ညစ်တဲ့အကျင့်က စွဲသွားတတ်ပါတယ်။ သင်က ပျော်ပျော်နေတတ်ဖို့ ကြိုးစားမယ်ဆိုရင် အစပိုင်း ခက်ခဲပေမယ့် တဖြည်းဖြည်း ပျော်တတ်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ တည်ငြိမ်နေတဲ့စိတ်ကို အနှောင့်အယှက်မဝင်ဘဲ ကာကွယ်ထားနိုင်ဖို့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို စွန့်လွှတ်လိုက်ပါ။

၂။ တခြားလူတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်တတ်တဲ့အကျင့်ကို ရှောင်ပေးပါ။

၃။ တစ်ခုခုကို လုပ်ရင် ကြောက်နေတာထက် စွဲစွဲမြဲမြဲ ကြိုးစားလုပ်ပေးပါ။

၄။ ကိုယ့်အတွက် အကျိုးမရှိတဲ့ အလုပ်တွေကို လျှော့လုပ်ပေးပါ။

၅။ တစ်ယောက်တည်း အချိန်ကုန်ဆုံးတတ်ဖို့ မကြောက်ပါနဲ့။

၆။ တခြားသူတွေအကြောင်း ကို အတင်းအဖျင်း မပြောပါနဲ့။

၇။ တခြားလူတွေနဲ့ ကိုယ့်ကိုကိုယ် ကြင်ကြင်နာနာ စကားဆိုပါ။

၈။ တခြားလူတွေကို ပျော်အောင် မထားပေးခင် ကိုယ့်ကိုကိုယ် ပျော်အောင်အရင်ထားပါ။

၉။ သင့်စွမ်းအင်တွေ၊ စိတ်ခွန်အားတွေကို ယုတ်လျော့စေတဲ့ လူတွေကို ရှောင်ပါ။

၁၀။ သင့်ဘဝကို တိုးတက်စေတဲ့ဘက် မသွားတဲ့အကြံဉာဏ်တွေကို ပလစ်ပါ။

ဒီအချက်တွေကို လိုက်နာပြီး အကောင်းဆုံး ကြိုးစားနေပါလို့ တိုက်တွန်းပါရစေ။

Photo Source: Pinterest

By MyStyle Myanmar