မိတ်ကပ်လိမ်းမှလှတာထက် မိတ်ကပ်မလိမ်းပဲပင်ကိုလှနေတာလေးက ပိုပြီး အကြည့်ခံပါတယ်။ မိတ်ကပ်မလိမ်းပဲလှတာမျိုးကို လိုချင်ရင်တော့ အပျင်းကြီးလို့မရပါဘူး။ ပုံမှန်ဂရုစိုက်ပေးမှရပါလိမ့်မယ်။ ဒါကြောင့် ပျိုမေတို့ မိတ်ကပ်မလိမ်းပဲ အမြဲလှနေဖို့အတွက် လိုက်နာရမယ့်အချက် (၁၀) ချက်ကို ပြောပြပေးလိုက်ပါတယ်။
မျက်ခုံးမွှေးသေချာပုံသွင်းပါ
Source: www.cheatsheet.com
လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်ခုံးမွှေးကအသက်ပါပဲနော်။ ဒါကြောင့် မျက်ခုံးမွှေးကို သေချာပုံသွင်းပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ မျက်ခုံးမွှေးအတိုင်းပဲ ဆွဲပါ။
Lip Scrub လုပ်ပါ
Source: www.burst.shopify.com
နှုတ်ခမ်းခြောက်ပြီး အဖတ်တွေလန်နေရင် မလှပါဘူး။ နှုတ်ခမ်းသားလေး နူးညံ့ပြေပြစ်နေမှ လှပတဲ့မျက်နှာလေးကိုရမှာပါ။ ဒါကြောင့် Lip Scrub လုပ်ပြီး Lip Balm or Lip Mask လေးတွေ သုံးပေးပါ။
Sunscreen သုံးပါ
Source: www.beautylifestyle11.wordpress.com
မိတ်ကပ်မပါပဲလှနေဖို့ဆိုရင် အရေးအကြီးဆုံးက Sunscreen လိမ်းဖို့ပါပဲ။ Sunscreen အမြဲလိမ်းမှ အသားအရေမပျက်စီးမှာ။ အရေးအကြောင်းတွေ၊ တင်းတိတ်၊ မှဲ့ခြောက်တွေလည်း မထွက်မှာ။ ဒါကြောင့် မိတ်ကပ်လိမ်းဖို့ထက် Sunscreen လိမ်းဖို့က ပိုအရေးကြီးတာကို မမေ့ပါနဲ့။
အိပ်ရေးဝအောင်အိပ်ပါ
Source: www.nocamels.com
အိပ်ရေးဝဝအိပ်မှ မျက်ကွင်းညိုတာမျိုးမဖြစ်ပဲ မျက်နှာလေးပြည့်ပြီး ကြည်လင်နေမှာ။ မျက်နှာလေးကြည်လင်နေမှလည်း မိတ်ကပ်မလိမ်းပဲ လှနေမှာပေါ့။
Skincare သေချာလုပ်ပါ
Source: www.lancome.co.uk
Skincare မလုပ်ပဲ မိတ်ကပ်ပဲလိမ်းနေလို့ကတော့ အသားအရေပျက်စီးတာပဲရှိမယ်။ Skincare သာ သေချာလုပ်ရင် အသားအရေကောင်းတော့ မိတ်ကပ်တောင် မလိုတော့ဘူး။
ရေများများသောက်ပါ
Source: www.skinnyms.com
ရေများများသောက်မှ အသားအရေမွဲခြောက်ခြောက်ကြီးမဖြစ်ပဲ စိုစိုပြေပြေဖြစ်မယ်။ အသားအရေလေး စိုပြေပြီး ကြည်လင်နေရင် မိတ်ကပ်မလိမ်းလည်း လှတာပေါ့။
အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ပါ
Source: www.aliexpress.com
လူတစ်ယောက်မှာ အဝတ်အစားကလည်း အရေးကြီးပါတယ်။ ဈေးကြီးပေးဝတ်စရာမလိုပါဘူး။ ရှိတာလေးနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားလိုက်ရင်ကို လူတစ်ယောက်က ကြည့်ကောင်းပြီး လှနေပါပြီ။
ဆံပင်ကိုသပ်သပ်ရပ်ရပ်ထားပါ
Source: www.kholic.id
ဆံပင်ရှုပ်ပွနေရင် ညှင်းသိုးသိုးနဲ့ ကြည့်လို့လုံးဝမကောင်းပါဘူး။ ဒါကြောင့် ဆံပင်ကို သပ်သပ်ရပ်ရပ်လေးထားမယ်ဆိုရင် မိတ်ကပ်မပါလဲ လှနေမှာပါ။
စိတ်ကောင်းထားပါ
Source: www.tin247.com
စိတ်ပုပ်ရင် မျက်နှာမှာပေါ်ပါတယ်။ ဒါကြောင့် စိတ်ကောင်းအမြဲထားပါ။ စိတ်လှရင် ရုပ်ပါလှတယ်။ စိတ်ကိုအမြဲကြည်ကြည်လင်လင်ထားပါ။ စိတ်ကြည်လင်ပြီး စိတ်ကောင်းရှိရင် မျက်နှာလေးလဲ ကျက်သရေရှိပါတယ်။
အမြဲပြုံးပါ
Source: www.freepik.com
မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ၊ စိတ်ကြည်ကြည်၊ မကြည်ကြည် အမြဲပြုံးထားပါ။ အမြဲပြုံးနေတဲ့သူတစ်ယောက်၊ လူတိုင်းကို အပြုံးနဲ့ အမြဲဆက်ဆံတဲ့သူတစ်ယောက်က ဘယ်လိုနေနေကို လှနေပါတယ်။