ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ ညစာစားပြီးပြီးချင် အိပ်ယာမဝင်မိဖို့ အထူးဂရုစိုက်ကြပါတယ်။ ဒါပေမယ့်လည်း ညဖက်မှာ အစားများများစားမိပြီး ရင်ပြည့်ရင်ကယ်ဖြစ်စေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းတွေက သင့်ကို ညစာများများမစားမိအောင် ကူညီပေးမှာပါ။

၁။ မနက်ဖက်မှကြက်ဥစားပါ

မနက်စာကို ကြက်ဥတစ်လုံးထည့်စားပေးပါ။ ကြက်ဥကို လုံးဝအကျက်ပြုတ်ပြီးစားပေးတာဟာ သင့်ကိုတစ်နေ့တာလုံးအတွက် အားမင်ရှိစေပြီါ် ဗိုက်ဆာခြင်းနဲ့ ကယ်လိုရီစားသုံးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

၂။ သင့်ကို သွေးဆောင်နေတဲ့ မုန့်တွေမဝယ်ပါနဲ့

သင်စားချင်နေတဲ့ ကယ်လိုရီများတဲ့ သရေစာမုန့်တွေအစား အသီးအနှံတွေကို ရွေးဝယ်ပါ။

၃။ အသင့်စားအစားအစာတွေနဲ့ အမြန်စားအစားအစာတွေရှောင်ပါ

ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အသင့်စားအစားအစာတွေ။ အရက်တွေ၊ ကန်ဇွန်းဥ၊ ကိတ်မှုန့်တွေကိုရှောင်ပါ။

၄။ ဆားစားသုံးမှု လျှော့ချပါ

ဆားနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေဟာ သင့်ရဲ့ အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၅။ ပန်းမုန်လာစိမ်းစားပါ

ပန်းမုန်လာစိမ်းဟာ သင့်ကို ကယ်လိုရီကျစေပြီး ဗိုက်ပြည့်စေပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်စားသုံးထားတဲ့ ကယ်လိုရီတွေကို အမြန်ဆုံးလျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

၇။ ရေအေးအေးနဲ့ချိုးပါ

ရေအေးနဲ့ချိုးတာဟာ ရေနွေးနဲ့ချိုးပေးတာထက် ကယ်လိုရီ ပိုကျစေပါတယ်။

၈။ ရေသောက်ပါ

ဗိုက်ဆာလာတဲ့အခါတိုင်း နို့ထွက်ပစ္စည်းတွေစားမယ့် သောက်မယ့်အစား ရေသောက်ပေးပါ။

၉။ သွားတိုက်ပါ

သွားတိုက်ပေးတာဟာ သင့်ကို ကြည်လင်လန်းဆန်းစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။

၁၀။ ည ၁၁ နာရီမထိုးခင် အိပ်ယာဝင်ပါ

ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် ညဖက်မှာ အစားများများစားမိတာမျိုးမဖြစ်ဖို့

ည ၁၁ မထိုးခင် အိပ်ယာဝင်တာပေးတာဟာ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ ကောင်းမွန်ပါတယ်။ ကယ်လိုရီကိုလည်း ကျစေပါတယ်။