လူတစ်ယောက်က စိတ်ဖိစီးမှုတွေများနေတဲ့အခါမှာ ဒီလက္ခဏာ ၁၀ မျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ အရမ်းများနေလားဆိုတာကို သိချင်ရင် ဒီလက္ခဏာတွေနဲ့ တူညီနေလားဆိုတာ စစ်ကြည့်လို့ရပါတယ်။

ပုံမှန်ထက်ပိုပြီးဆံပင်တွေကျွတ်လာခြင်း

စိတ်ဖိစီးမှုတွေအရမ်းများလာတဲ့အခါမှာတော့ ဆံပင်က ပုံမှန်ထက်ပိုကျွတ်ပြီး ထိပ်ပြောင်လာတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဆံပင်ကျွတ်သက်သာအောင် နည်းလမ်းမျိုးစုံလုပ်နေပေမယ့် မသက်သာဘူး၊ ဆံပင်တွေ ကျွတ်နေတုန်းပဲဆိုရင်တော့ စိတ်ဖိစီးမှုတွေ stress တွေများနေလို့ပါ။

Depression ဝင်လာခြင်း

စိတ်ဖိစီးမှုအရမ်းများလာတဲ့အခါမှာတော့ depression က အလိုလိုဝင်လာပါတယ်။ ဒီလိုအချိန်မှာ စိတ်လေပြီး မကောင်းတာတွေ လျှောက်တွေးပြီး အလိုလိုနေရင်းကို ဝမ်းနည်းအားငယ်လာပါတယ်။

ညတိုင်းအိပ်မပျော်ခြင်း

ညဘက်တွေမှာ တော်ရုံနဲ့ အိပ်မပျော်တော့တာမျိုးတွေဖြစ်လာပြီး အိပ်မပျော်တဲ့ရောဂါလို ဖြစ်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

စိတ်ခံစားချက်လွယ်ခြင်း

စိတ်ဖိစီးမှုတွေကြောင့် တစ်ခုခုဆိုရင် ဘာမဟုတ်တဲ့သေးသေးလေးကအစ အရာရာကို စိတ်ခံစားချက် လွယ်လာပါလိမ့်မယ်။ အမြဲစိတ်ရှုပ်ပြီး ထစ်ခနဲရှိ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ စိတ်ထိခိုက်လွယ်ပြီး အရမ်း sensitive ဖြစ်လာပါမယ်။

တစ်ယောက်ထဲနေဖြစ်သွားခြင်း

လူတွေနဲ့ မပတ်သက်ချင်တော့ပဲ ဘယ်သူမှမရှိတဲ့နေရာမှ တစ်ယောက်ထဲနေချင်စိတ်တွေ ဖြစ်လာမယ်၊ တစ်စယောက်ထဲပိုပြီး နေဖြစ်လာမယ်၊ တစ်ခါတစ်လေဆို စိတ်ဖိစီးမှုတွေ အရမ်းများလာလို့ social media ကနေတောင် ထွက်ပြေးချင်စိတ်တွေ ပေါက်လာပါလိမ့်မယ်။

သောက်ဆေးတွေစွဲလာခြင်း

စိတ်ဖိစီးမှုအရမ်းများပြီး depression ဝင်လာတဲ့အခါ၊ အိပ်မရတာတွေ များလာတဲ့အခါမှာ အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ စသောက်ရာကနေ ဆေးစွဲသွားတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ခဏခဏခေါင်းကိုက်ခြင်း

တစ်ခါတစ်လေကျရင် ခေါင်းအရမ်းကိုက်တာ ဆေးသောက်လည်း မပျောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုအရမ်းများလာရင်လည်း ဖြစ်တတ်ပါတယ်။

အစားအသောက်မမှန်ခြင်း

စိတ်ဖိစီးမှုတွေများနေတဲ့သူက အစားအသောက်မမှန်တာ အဖြစ်များပါတယ်။ ပုံမှန်ထက်ပိုပြီး အများကြီးစားလို့ ဝိတ်တွေထိုးတတ်လာတာမျိုး ရှိသလို၊ အစားအသောက်မစားနိုင်ပဲ ပိန်သွားတာမျိုးတွေလည်း ရှိပါတယ်။

နှလုံးနဲ့အစာအိမ်ပြဿနာတွေဖြစ်လာခြင်း

စိတ်ဖိစီးမှုတွေကို အချိန်အကြာကြီးခံစားနေရတာဆိုရင် နှလုံးနဲ့ အစာအိမ်မှာ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ – ရုတ်တရက်နှလုံးအောင့်တာ၊ အစာအိမ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

အသားအရေပြဿနာတွေဖြစ်လာခြင်း

စိတ်ဖိစီးမှုနဲ့ stress တွေ အရမ်းများလာတဲ့အခါမှာတော့ ဝက်ခြံတွေထွက်လာတာမျိုး၊ အသားအရေက ညစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။