လက်သည်းနီဆိုးရင် အရောင်တောက်တောက်ကြီးတွေ ဆိုးရတာကို မကြိုက်တဲ့သူတွေအတွက် အရောင်ငြိမ်ပြီး အသားဆောင်တဲ့ လက်သည်းနီဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးက ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းတွေဖြစ်သလို လှလည်းလှတဲ့ ဒီဇိုင်းဆန်းလေးတွေပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းရှင်းရှင်းလေးနဲ့လှသလို သုံးထားတဲ့အရောင်တွေကလည်း ငြိမ်ပြီး အသားဆောင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ သုံးထားတဲ့အရောင်ကလည်း အသားဆောင်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းမျိုးပါ။

ဒါကတော့ Christmas အချိန်အခါနဲ့လည်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဆိုးထားတဲ့အောက်ခံအရောင်ကလည်း နုနုလေးနဲ့ အရမ်းငြိမ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆိုးထားတဲ့အရောင်တွေကလည်း အသားဆောင်ပြီး ဘိုဆန်တဲ့အရောင်လေးတွေပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လူကြီးလူငယ်မရွေးလိုက်ဖက်ပါတယ်။ အရောင်လေးတွေကလည်း အရမ်းအသားဆောင်ပြီး လှပါတယ်။

ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းမျိုး ပုံဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ သုံးထားတဲ့အရောင်တွေကလည်း အသားအရမ်းဆောင်ပါတယ်။

ချစ်ဖို့ကောင်းတာထက် လှတာမျိုးပုံဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ အရောင်တွေကလည်း ငြိမ်ပြီး အသားဆောင်ပါတယ်။

ကျောက်ကပ်ရတာမျိုးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ အရောင်လေးကလည်း အသားအရမ်းဆောင်ပြီး အရမ်းလှပါတယ်။

အရုပ်ပုံလေးတွေ ပုံဖော်ရတာကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ပန်းပုံလေးတွေပုံဖော်ရတာကိုကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။ အရောင်တွေကလည်း အသားဆောင်တဲ့အရောင်တွေချည်းပါပဲ။

ဒါကတော့ ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းချစ်ဖို့ကောင်းပြီး အရောင်လည်း အသားဆောင်ပါတယ်။

photo source:www.pinterest.com