အားလုံးပဲမင်္ဂလာပါ။ ဘာလိုလိုနဲ့ July လထဲတောင် ရောက်လာပြီနော်။ အချိန်တွေက မျက်စိတစ်မှိတ်အတွင်း အကုန်မြန်လွန်းပါတယ်။ May နဲ့ June လမွေးနေ့ရှင်တွေကတော့ အကြောင်းကြောင်းကြောင့် အပြင်မထွက်နိုင်ခဲ့ရင်တောင် July Born တွေကတော့ အိမ်ပြင်ထွက်နိုင်ဖို့ အခွင့်အရေး ပိုများ လာပါပြီ။ July Born တွေ အနေနဲ့ ကိုယ့်မွေးနေ့မှာ သူငယ်ချင်းတွေကိုလည်း မုန့်ကျွေးဖို့ မမေ့ပါနဲ့နော်။ ဒီတစ်ခေါက်မှာတော့ July လ မွေးဖွားသူ တွေရဲ့ မယုံနိုင်စရာကောင်းတဲ့ ချစ်စဖွယ်အမူအကျင့်တွေကို ဖော်ပြပါရစေ။ ဒီအကြောင်းအရာနဲ့ပဲ July လမွေးဖွားသူတွေကို ဂုဏ်ပြုလိုက်ပါတယ်နော်။

၁။ July လမွေးဖွားသူတွေက ကြိုးစားစရာမလိုဘဲနဲ့ကို ရယ်စရာကောင်းနေတတ်တယ်

July လမွေးဖွားသူတွေက ဟာသဉာဏ်ရွှင်ကြပါတယ်။ သူငယ်ချင်းတွေက သူတို့ကို မြင်ရုံနဲ့တင် အလိုလိုပျော်နေတတ်ကြပါတယ်။ အနီးအနားမှာရှိတဲ့ ကိုယ်ချစ်ရသူတွေကို ရယ်စရာတွေနဲ့ ပျော်ရွှင်စေတာလည်း July ဖွားတွေပါပဲ။

၂။ မိသားစုက သူတို့ဘဝမှာ အဓိကပဲ

July Born တွေက ကိုယ့်မိသားစုကို အလေးထားကြပါတယ်။ မိသားစုအတွက် လက်ဆောင်ဝယ်ပေးတယ်။ လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်း ပေးတတ်ကြပါတယ်။

၃။ အစီအစဉ်ကောင်းကောင်းဆွဲတတ်သူတွေ

ကိုယ့်အလုပ်၊ အိမ်၊ အခန်း စတဲ့နေရာအားလုံးကို July မွေးဖွားသူတွေက သေချာ စီစဉ်တတ်ကြပါတယ်။ အစီအစဉ်ကောင်းမှု၊ အကြီးအကြပ်ကောင်းမှု ကြောင့် ခေါင်းဆောင်ကောင်းတွေ၊ မန်နေဂျာကောင်းတွေဖြစ်တတ်ကြပါတယ်။

၄။ စိတ်အပြောင်းအလဲမြန်တယ်

ဂျူလိုင်မွေးဖွားသူတွေရဲ့ စိတ်က လေ လိုပဲ အပြောင်းအလဲမြန်ကြပါတယ်။ အခုပျော်နေသလို ခဏနေလည်း စိတ်ဓာတ်ကျသွားတတ်ပါတယ်။


၅။ ငွေရေးကြေးရေးကို အလေးထားတယ်

ကိုယ့်ဝင်ငွေထွက်ငွေကို July လမွေးဖွားသူတွေက သေချာဂရုစိုက်တတ်ကြပါတယ်။ ငွေကြေးအဆင်ပြေနေဖို့ အလုပ်ကြိုးစားတတ်ကြပါတယ်။

၆။ အပေါင်းအသင်းများပေမယ့် တစ်ယောက်တည်းနေတတ်ကြတယ်

July Born တွေက လူရှုပ်တဲ့နေရာတွေကို ရှောင်တတ်ကြပါတယ်။ အိမ်မှာ တစ်ယောက်တည်း စာအုပ်ဖတ်နေတတ်ပါတယ်။ တီဗီထိုင်ကြည့်နေတတ် ပါတယ်။


၇။ အဝတ်အစားဝတ်ရင် စမတ်ကျအောင် ဝတ်တယ်

အစားကောင်းအသောက်ကောင်း၊ အဝတ်အစားလှလှလေးတွေကို July လမွေးဖွားသူတွေက သဘောကျတတ်ကြပါတယ်။ ကိုယ်ဝတ်တဲ့ ဖက်ရှင်ကို လည်း ကြည့်ကောင်းအောင် ကြိုးစားတတ်ပါတယ်။

၈။ နာကျင်လွယ်တယ်

July Born တွေက စိတ်ထိခိုက်လွယ်တတ်ကြပါတယ်။ ချစ်မိပြီဆိုရင်လည်း သူတို့မှာရှိတဲ့ အရာတိုင်းကို ပေးဆပ်ဖို့ ဝန်မလေးပါဘူး။ အစွမ်းကုန် ချစ်တတ်တာကြောင့် အစွမ်းကုန်လည်း အသည်းကွဲတတ်ပါတယ်။


၉။ ကိုယ်ချင််းစာစိတ်ရှိတယ်

ဂျူလိုင်မွေးဖွားသူတွေက အခြားသူဘက်က ဖြည့်တွေ့ပေးတတ်ပါတယ်။ ကိုယ်ချင်းစာစိတ် စာနာစိတ်အပြည့်ရှိသူတွေဖြစ်ပါတယ်။

၁၀။ ခွင့်လွှတ်တယ် ဒါပေမဲ့ ဘယ်တော့မှ မမေ့တတ်ဘူး

July born တွေက လက်စားချေတဲ့အလုပ်မျိုးမလုပ်တတ်ပါဘူး။ သူတို့အပေါ်မကောင်းတဲ့သူတွေကိုဆိုရင် ဝေးဝေးရှောင်တတ်ပြီး ရလာတဲ့ သင်ခန်းစာ ကို မှတ်ထားတတ်ကြပါတယ်။ မကောင်းတဲ့သူတွေကို ခွင့်လွှတ်ပေးပေမယ့် သူတို့အပြုအမူကို ဘယ်တော့မှ မမေ့တတ်ကြပါဘူး။

ထူးခြားတဲ့ July Born တွေအားလုံး Happy Birthday ပါနော်။

Photo Source: Pinterest

By MyStyle Myanmar