ကျွန်မတို့ လူသားတွေဟာ အနမ်းနဲ့မကင်းကြပါဘူး။ မွေးကတည်းက အနမ်းနဲ့အတူ မွေးဖွားလာတယ်လို့ ဆိုရမလိုပါပဲ။ အမိဝမ်းကနေ ကျွတ်လာပြီးကတည်းက ချစ်စရာလေးဆိုပြီး အာဘွားပေး နမ်းလိုက်ကြတာနော်။ ချစ်သူရည်စားကိုမှ နမ်းတာမဟုတ်ပါသလို မိတ်ဆွေသူငယ်ချင်းအချင်းချင်းလည်း နမ်းကြပါတယ်။ အနမ်းရဲ့ အဓိပ္ပာယ်ကို မျှဝေပေးသွားပါမယ်။ အနမ်းတွေအများကြီးရှိပေမယ့် လူသိများကျော်ကြားတဲ့ အနမ်း (၁၁) မျိုးကိုပဲ မျှဝေပေးလိုက်ပါတယ်။

၁။ နဖူးကို နမ်းတဲ့အနမ်း

Source: LoveBondings

နဖူးကိုနမ်းတာဟာ သင့်ကို လေးစားတန်ဖိုးထားတယ်လို့ အဓိပ္ပာယ်မှတ်ယူလို့ရပါတယ်။ သူငယ်ချင်း အချင်းချင်းလည်း အဲလိုနမ်းလေ့ရှိပြီး နင်ဟာ ငါ့အတွက် အရင်းနှီးဆုံးပါပဲဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ချစ်သူအချင်းချင်းနမ်းရင်တော့ သင်ကို အရမ်းချစ်တယ်လို့ သူပြောနေတာပါ။

၂။ Eskimo အနမ်း

Source: Dating & Relationships – LoveToKnow

နှာခေါင်းချင်းထိပြီး နမ်းတဲ့အနမ်းကို မိဘတွေက သားသမီးကိုပဲဖြစ်ဖြစ် ချစ်သူကပဲဖြစ်ဖြစ် နမ်းလေ့ရှိပါတယ်။ နှာခေါင်းနဲ့ နောက်ကျော၊ အရှေ့ဘက်ကို နမ်းတာတွေလည်းပါ ပါတယ်။ Eskimo တွေက စခဲ့တာမို့ Eskimo အနမ်းလို့ခေါ်ကြပါတယ်။

၃။ ပြင်သစ်အနမ်း

ပြင်သစ်အနမ်းကတော့ သင်ဟာ အရမ်းလန်းတယ်၊ ရိုမန့်တစ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ လျှာနဲ့ နမ်းကြပါတယ်။ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အနန်းတစ်ခုပါပဲ။ ပြင်သစ်အနမ်းကိုနမ်းရင် တစ်နာရီကို ကယ်လိုရီ ၁၂၀ လောက် လောင်ကျွမ်းတယ်လို့လည်း ဆိုကြပါတယ်။

၄။ နှုတ်ခမ်းချင်းထိပြီးနမ်းတဲ့အနမ်း။

ပြင်သစ်အနမ်းလို လျှာမပါဘဲ နှုတ်ခမ်းချင်းထိတဲ့အနမ်း၊ နှုတ်ခမ်းကို ခပ်ပါးပါးလေး စုပ်လိုက်တဲ့အနမ်းကို ဆိုလိုတာပါ။ ချစ်သူနှစ်ဦးကြား ခိုင်မာတဲ့ကဗျာဆန်မှုတစ်ခုကို ပေးစွမ်းနိုင်တဲ့အနမ်းပါ။

၅။ လက်ကိုနမ်းခြင်း

လက်ကိုနမ်းတဲ့အဓိပ္ပာယ်ကတော့ သင်ဟာ ကလေးတစ်ယောက်လို အရမ်းချစ်စရာကောင်းပြီး အရမ်းကြင်နာတတ်တယ်လို့အဓိပ္ပာယ်ရပါတယ်။ သင့်ကို လေးစားတန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောငပါတယ်။

၆။ နားရွက်နားကို နမ်းခြင်း

နးရွက်နားကိုနမ်းတာဟာ ပိုပြီး ရိုမန်းတစ်ဆန်တယ်လို့ ပြောကြပါတယ်။ သင်ဟာ အရမ်းစွဲဆောင်မှုှရှိတယ်လို့အဓိပ္ပာယ်ရသလို သင့်ကို ဘယ်လောက်မက်မောကြောင်း ပြသတဲ့အနမ်းပါပဲ။ အမျိုးသားတွေ အများအားဖြင့် အဲဒီအနမ်းကို အသုံးပြုကြပါတယ်။

၇။ လိပ်ပြာအနမ်း

လိပ်ပြာအနမ်းက မျက်နှာချင်းမထိဘဲ နီးနီးကပ်ကပ်အနေအထားနဲ့ရှိနေပြီး မျက်တောင်မွှေးနှစ်ခု ထိလုမတတ်ဖြစ်နေတဲ့အနေအထားကိုဆိုလိုတာပါ။

၈။ ပင့်ကူလူသားလိုအနမ်း

ပင့်ကူလူသားလိုအနမ်းမျိုးက အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အနမ်းလို့ တင်စားကြပါတယ်။ သင်နဲ့အတူ စွန့်စားကြမယ်လို့ အဓိပ္ပာယ်ရပါတယ်။

၉။ ပါးပြင်ကိုနမ်းခြင်း။

ပါးပြင်ကိုနမ်းတာကတော့ သူငယ်ချင်း အချင်းချင်းကော၊ မိသားစုဝင်အချင်းချင်းကော နမ်းကြပါတယ်။ သင့်ကို လေးစားပြီး ချစ်စရာကောင်းတယ်လို့ ပြောချင်တဲ့အဓိပ္ပာယ်ဆောင်ပါတယ်။ လူတွေအများအားဖြင့် ီဒီအနမ်းကို အသုံးပြုကြပါတယ်။

၁၀။ Fly Kiss

လေထဲကနေ ပေးလိုက်တဲ့ အနမ်း Fly Kiss ကိုလည်း သူငယ်ချင်း အချင်းချင်း စရင်းနောက်ရင်းပဲဖြစ်ဖြစ် ပေးကြတဲ့အနမ်းပါ။ လေထဲကနေ မွမွဆိုပြီး အနမ်းပေးတာဟာ သင့်ကို သူအရမ်းသဘောကျတယ်ဆိုတဲ့ အဓပ္ပာယ်ပါပဲ။

၁၁။ လည်ပင်းကို ဖွဖွနမ်းခြင်း။

Source: Her way

လည်ပင်းကိုနမ်းတာဟာ ချစ်သူရည်းစားတွေမှာ နမ်းလေ့ရှိပါတယ်။ သူ့ကို မြတ်နိုးတန်ဖိုးထားတဲ့အနေနဲ့ရော စွဲဆောင်တဲ့သဘောနဲ့နမ်းတာပါ။

Featured Image Source: Seventeen Magazine