ဂျင်းဘောင်းဘီတွေဝတ်ရတာကြိုက်တဲ့ မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဂျင်းဘောင်းဘီအရောင် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဂျင်းဘောင်းဘီဝယ်မယ်ဆိုရင် ကိုယ့်မှာရှိပြီးသားအရောင်တွေကိုပဲ ထပ်ဝယ်နေမယ့်အစား ဒီထဲက ကိုယ့်မှာမရှိသေးတဲ့အရောင်လေးတွေကိုလည်း ဝယ်သင့်ပါတယ်။

အခုနောက်ပိုင်းထွက်တဲ့ ဂျင်းဘောင်းဘီအပွလေးတွေထဲမှာဆိုရင် ပန်းရောင်နုနုလေးတွေလည်း ပါလာပါတယ်။ ဂျင်းကိုမှ ဒီလိုပန်းရောင်နုနုလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေနဲ့လည်း အရမ်းလိုက်ဖက်တာကြောင့် တစ်ထည်လောက်တော့ ရှိထားသင့်ပါတယ်။

ဂျင်းကို ကာလာထဲကဝယ်မယ်ဆိုရင် အဖြူရောင်ကို တစ်ထည်လောက်တော့ ထည့်ဝယ်သင့်ပါတယ်။ ဂျင်းအပွလေးဆိုရင် ပိုလှပါတယ်။ ဘာနဲ့ဝတ်ဝတ်လည်း သန့်ထွက်ပြီးတော့ အရမ်းလှပါတယ်။

ဂျင်းကိုအရောင်လေးတွေနဲ့ဝယ်မယ်ဆိုရင် ကာကီရောင်လေးကိုလည်း မဖြစ်မနေဝယ်သင့်ပါတယ်။ ဂျင်းအပွပဲဖြစ်ဖြစ်၊ အကျပ်ပဲဖြစ်ဖြစ် ကာကီရောင်ဂျင်းဘောင်းဘီလေးတွေက ဘိုဆန်ပြီးအရမ်းလှပါတယ်။

ဂျင်းအရောင်တွေထဲမှာလည်း ကာလာတွေအများကြီးရှိပါတယ်။ အဲ့ထဲမှာမှ ဂျင်းကို light blue ကာလာလေးက အရမ်းလှပါတယ်။ ရှိထားသင့်တဲ့ ဂျင်းအရောင်လေးလည်း ဖြစ်ပါတယ်။

ဂျင်းအဖြူလေးတွေကလည်း ဝတ်လိုက်ရင် အရမ်းကိုသန့်ပြီးလှပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းခေတ်စားနေတဲ့ ဂျင်းဘောင်းဘီအပွတွေကို ဝယ်မယ်ဆိုရင် ဂျင်းအဖြူလေးကိုလည်း တစ်ထည်လောက်ဝယ်ဖို့ မမေ့ပါနဲ့။

ဒီလိုဂျင်းအရောင်စိုစိုလေးကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားပါဘူး။ ဒါကြောင့် မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ Skinny ဂျင်းဝယ်မယ်ဆိုရင် ဒီလိုဂျင်းအရောင်စိုတာလေးကို ရွေးဝယ်ပါ။

အခုနောက်ပိုင်းမှာဆိုရင် bell pant ဂျင်းတွေကလည်း အရမ်းကိုခေတ်စားလာပါတယ်။ ဒါကြောင့် bell pant ဂျင်းဝယ်မယ်ဆိုရင် ဒီလိုဂျင်းအရောင်မျိုးကိုသာဝယ်ပါ။ အရမ်းလှပြီး ဘယ်အချိန်ဝတ်ဝတ်လည်း ဘယ်တော့မှရိုးမသွားပါဘူး။

ဒီဂျင်းအရောင်လေးကိုတော့ မှိုတက်ဂျင်းလို့ခေါ်ကြပါတယ်။ သူကခဲဘက်ကိုသွားတဲ့အရောင်မျိုးလေးပါ။ ဒီအရောင်လေးဆိုလည်း ဘိုဆန်ပြီးလှတာကြောင့် ဂျင်းဘောင်းဘီတွေဝတ်ရတာကြိုက်ရင် ရှိထားသင့်ပါတယ်။

Skinny ဂျင်းတွေဝတ်မယ်ဆိုရင် ခုနကလို ဂျင်းအရောင်စိုတာအပြင် ဒီလိုဂျင်းအဖြူလေးတွေကလည်း အရမ်းလှပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ အရောင်လေးတွေလည်း ဖြစ်ပါတယ်။ အင်္ကျီအရောင်မျိုးစုံနဲ့လည်း လိုက်ဖက်ပါသေးတယ်။

အနက်ကတော့ မပါမဖြစ်ပါပဲနော်။ ဂျင်းဘောင်းဘီတွေဝတ်ရတာကိုကြိုက်ရင် အရောင်တွေ၊ ဂျင်းကာလာတွေအပြင် အနက်ရောင်ဂျင်းလေးလည်း ရှိထားသင့်ပါတယ်။

photo source:www.pinterest.com