စာဖတ်သူတို့ရေ။ ချစ်သူကို အထူးသဖြင့် ကောင်လေးကို အမြဲဆွဲဆောင်ထားနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်တယ်နော်။

ချစ်သူကို အမြဲဆွဲဆောင်ထားနိုင်ဖို့ အမျိုးသမီးတွေအတွက် နည်းလမ်းကောင်း (၁၀) ခု

၁။ သူတို့ဖုန်းလေးဝင်လာရင် အပြေးသွားမကိုင်ပါနဲ့။ သင်အဲဒီအချိန်မှာ အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သူက သင်ဘာများဖြစ်ပါလိမ့် ဘာလို့ ဖုန်းမကိုင်ပါလိမ့်ဆိုပြီး ပိုပြီး စိတ်ဝင်စားသွားပါလိမ့်မယ်။

၂။ သူ့ဆီက message တွေကို အများကြီးပြန်မဖြေမဖြေပါနဲ့။ လိုရင်းတိုးရှင်းပဲဖြေပါ။

၃။ သင့်ကောင်လေးဆီကို Message မပြန်သေးဘဲ ၂ နာရီလောက်စောင့်ပါ။

၄။ ၅ မိနစ်တစ်ခါ ဘာလုပ်နေလဲလို့ မေးလာတဲ့ မေးခွန်းတွေကို မဖြေပါနဲ့။

၅။ သင့်ကောင်လေးကို သင်ဘယ်မှာရှိနေတယ်။ ဘာလုပ်နေတယ်ဆိုတာ ခန့်မှန်းခိုင်းပါ။ အင်တာနက်တွေ သိပ်မသုံးပါနဲ့။

၆။ ညသန်းခေါင်ကျော်ရင် သူ့ဆီက Message တွေကို မပြန်ပါနဲ့တော့။

၇။ သူ့ရဲ့ Social Profile ကို ခဏခဏဝင်ကြည့်တာမျိုး။ Comment ပေးတာမျိုး မလုပ်ပါနဲ့နော်။

၈။ တစ်ယောက်ကိုတစ်ယောက် တစ်နေ့ကို မနစ် ၂၀ ထပ်ပိုပြီး Message မပို့ပါနဲ့။ သူကိုယ့်ကို အပြင်မှာလာရှာပြီး တွေ့ပါစေ။

 

၉။ သင့်ကောင်လေးဆီကို ပြုံးနေတဲ့ပုံတွေ အသည်းပုံတွေ နဲ့တွဲပြီး အများကြီးမပို့ပါနဲ့။ အသည်းပုံတစ်ခုပုံပို့ရင် လုံလောက်ပါပြီ။

၁၀။ နေ့တိုင်းသူ့ကို တွေ့ချင်တယ်ဆိုရင်တောင် အလွယ်တကူအတွေ့မခံပါနဲ့။ ယောင်္ကျားလေးအများစုက စိန်ခေါ်မှုတွေ ခက်ခဲတာတွေကို ပိုလိုချင်ကြပါတယ်။

အခုနည်းလမ်းတွေက အပြုသဘောဆောင်ပြီး မျှဝေပေးခဲ့တာပါ။ လိုက်နာရမယ်လို့ မဆိုလိုပါဘူးနော်။