လူတိုင်း ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို လိုချင်ကြပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာရဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးပါမယ်။

၁။ ထိခိုက်ပျက်စီးနေတဲ့ ဆံပင်အဖျားတွေကို ပုံမှန်တိပေးပါ။

ထိခိုက်ပျက်စီးနေတဲ ဆံပင်အဖျားလေးတွေကို ၃ လတစ်ကြိမ် ၂ လတစ်ကြိမ်လောက် ပုံမှန်တိပေးပါ။ အဲဒီလို ပုံမှန်တိပေးတာဟာ သင့်ဆံကေသာကို သန်စွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။

၂။ ခေါင်းဖြီးပါ

မနက်တစ်ကြိမ် ညတစ်ကြိမ် ခေါင်းပုံမှန်ဖြီးပေးပါ။ အိပ်ယာမဝင်ခင်မှာ ခေါင်းဖြီးပေးသင့်ပါတယ်။ အဲဒီလိုဆိုရင် ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၃။ သင့်ဆံပင်အမျိုးအစားကို သိပါ။

သင့်ဆံပင်က ဘယ်လိုအမျိုးအစားဘဲ။ ထူးသလား၊ အလယ်အလတ်လား။ ပါးသလား။ သန်သလားဆိုတာကို သိဖို့လိုပါတယ်။ အဲဒီလိုသိမှ ကိုယ်နဲ့ သင့်တော်တဲ့ ခေါင်ေးလျှာ်ရည်ကို အသုံးပြုနိုင်မှာပါ။

၄။ ရေအေးအေးနဲ့ ခေါင်းလျှော်ပါ

ရေနွေးနဲ့ လျှော်တာဟာ သင့်ကို ဆံပင်ပိုကျွတ်စေပါတယ်။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဦးရေပြားမှာ အဆီတွေ ပိုထုတ်ပေးတာကြောင့် ဆံကေသာကို အမြန်ဆုံး အဆီပြန်ပြီါ် ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ရေအေးတာနဲ့ လျှော်ပါ။

၅။ အရည်သွေးကောင်းတဲ့ ခေါင်းလျှော်ရည်သုံးပါ

အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်သုံးပါ။ နာမည်ကြီး Brand တွေကိုသုံးခိုင်းတာမဟုတ်ပါဘူးနော်။ သင်နဲ့ သင့်တော်ပြီး အရည်အသွေးကောင်းတာကို သုံးပါ။

၆။ ဆံပင် ပုံသွင်းတဲ့ အပူပေးစက်တွေ အလွန်အကျွံမသုံးပါနဲ့

မကြာခဏဆိုသလို ဆံပင်ကို အပူချိန်အများကြီးနဲ့ အခြောက်ခံတာ၊ ဆံပင်ပုံအမျိုးမျိုး သွင်းတာမျိုး မလုပ်သင့်ပါဘူး။ ဆံပင်အခြောက်ခံစက်ကိုတော့ အပူချိန်လျှော့ပြီးသုံးနိုင်ပါတယ်။ မဟုတ်ရင် ဆံပင်အမြန်မခြောက်တာမျိုးဖြစ်စေပြီး ခေါင်းကို နှာစေးတာမျိုးဖြစ်စေပါတယ်။

၇။ ဦးရေပြားကို ညင်သာစွာနှိပ်ပေးပါ

ရေမချိုးခင် ၊ ရေချိုးနေစဉ် ၊ Tv ကြည့်နေစဉ်မှာ ဦးရေပြားကို ညင်သာစွာ နှိပ်ပေးတာဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို၊ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ဆံပင်ပေါက်တဲ့အမြစ်တွေကို သန်စွမ်းစေပါတယ်။

၈။ နေရောင်ခြည် ထိတွေ့မှုကို ရှောင်ပါ

နေရောင်ခြည် မကြာခဏ ထိတွေ့တာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။

၉။ မကြာခဏ ခေါင်းမလျှော်ပါနဲ့

မကြာဏခေါင်းလျှော်ပေးတာဟာ သင့်ဦးရေပြားကို ခြောက်သွေ့စေပြီး ဆံပင်လည်းကျွတ်စေတာကြောင့် ဆံကေသာသန်စွမ်းမှု မရှိတာမျိုးဖြစ်စေပါတယ်။

၁၀။ အာဟာရပြည့်ဝတဲ အစားအစာစားပေးပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာကို စားပေးတာဟာ ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ ဒါ့ကြောင့်အသီးအနှံတွေနဲ့ အသားဓာတ်ကို မျှတအောင်စားပေးပါ။

Photo Credit: Lifehacks