အခုနောက်ပိုင်းမှာတော့ လက်စွပ်၊ ဆွဲကြိုး၊ နားကပ်နဲ့ Hand Chain, Foot Chain တွေဆိုရင် သေးသေးလေးတွေက ခေတ်စားလာပါတယ်။ လက်ဝတ်ရတနာ အသေးစားလေးတွေက လူငယ်ကောင်မလေးတွေနဲ့လည်း ပိုပြီးလိုက်ဖက်သလို ချစ်ဖို့လည်း ကောင်းပါတယ်။

ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ Foot Chain အသေးဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁၀ မျိုးလုံးက ဒီဇိုင်းဆန်းတာလေးတွေဖြစ်တဲ့အပြင် ကိုယ်ကြိုက်တဲ့ဒီဇိုင်းပုံကိုယူပြီး ဆိုင်တွေမှာအပ်လို့လည်းရတာကြောင့် ကောင်မလေးတွေအားလုံး သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

Foot Chain ကိုမှ တွဲလောင်းလေးတွေနဲ့ကြိုက်ရင်တော့ ဒီပုံစံဒီဇိုင်းလေးက သေးသေးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒီ Foot Chain ဒီဇိုင်းလေးဆိုရင် နှစ်ကြိုးပုံစံလေးမို့ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ Fancy ဆန်ဆန်လေးလည်းဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေအားလုံး သဘောကျမှာပါ။

ဒီ Foot Chain လေးဆိုရင် ကြိုးမှာမှ အဝိုင်းလေးတွေနဲ့ဆက်ထားတာကြောင့် ဝတ်ထားရင် ကပ်ကပ်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဒီဇိုင်းလည်းဆန်းပါတယ်။

Foot Chain ကို သေးသေးလေးကြိုက်ပေမယ့် အရမ်းသေးလွန်းတာတော့ မလိုချင်ဘူးဆိုတဲ့သူတွေအတွက် ဒီပုံစံလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ကြိုးသာသေးတာ သူ့ဒီဇိုင်းပုံစံလေးတွေကြောင့် ထင်းနေစေပါတယ်။

ဒီဇိုင်းဆန်းပြီး Fancy ဆန်းတာမျိုးကြိုက်ရင် ဒီပုံစံလေးလည်း မိုက်ပါတယ်။ ရွှေလုပ်မယ်ဆိုရင် ချစ်ဖို့လည်းကောင်းသလို မိုက်လည်းမိုက်ပါတယ်။

ဒီ Foot Chain လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ အလုံးလေးတွေနဲ့ ငါးပုံလေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းသွားစေတာပါ။

မိန်းကလေးအရမ်းဆန်တဲ့ cute type မျိုးထက် နည်းနည်းမိုက်ပြီး ချစ်ဖို့ကောင်းတာမျိုးကိုကြိုက်ရင်တော့ ဒီ Foot Chain ဒီဇိုင်း ၂ မျိုးကိုသာ ရွှေးချယ်ပါ။

မိန်းကလေးအရမ်းဆန်ပြီး အရမ်းလည်းမသေးတဲ့ ဒီဇိုင်းမျိုးဆိုရင်တော့ ဒီ Foot Chain ဒီဇိုင်းလေးကိုသာရွေးပါ။

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာမျိုးဆိုရင်တော့ ဒီ Foot Chain ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com