သင်က အပြင်တစ်ခါသွားခါနီးမှ အင်္ကျီ အသစ်ထပ်ဝယ်တတ်သူ၊ ဒါမှမဟုတ် အင်္ကျီတွေ တွေ့ရင် ကိုယ်နဲ့ လိုက်မလိုက် မသိဘဲ ဝယ်တတ်သူဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင့်အနေနဲ့ သင်ဝယ်တဲ့ အဝတ်အစားတိုင်းကို ပုံစံ တစ်မျိုးတည်းသာမက အမျိုးမျိုး ပြောင်းဝတ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဝယ်သင့်ပါတယ်။ ဒီလိုမှ အဝတ်အစား ခဏခဏ မဝယ်ရမှာပါ။ ဖက်ရှင် Accessories လည်း ဒီသဘောတရားပါပဲ။ အခုချိန်ကစပြီး မဖြစ်မနေ အသုံးဝင်တဲ့ အင်္ကျီတွေ၊ Fashion Accessories ကို စုဝယ်ထားချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အဝတ်အစားတွေကို ဝယ်သင့်ပါတယ်။

၁။ Trench Coat

သင်က ရာသီဥတု အေးတဲ့နေ့မှာ စမတ်ကျကျ လှပချင်ရင် Trench Coat တစ်ထည်ကို လိုအပ်ပါတယ်။

၂။ Oversized Blazer

အသားရောင်၊ အနက်ရောင် Oversized Blazer တွေက ရုံးတက်ရတဲ့ ပျိုမေတို့အတွက် လိုအပ်သလို ပွဲတွေ တက်တဲ့အချိန်လည်း အသုံးဝင်ပါတယ်။

၃။ အဖြူရောင် ရှပ်

အဖြူရောင် ဒါမှမဟုတ် အစင်းကြောင်း ရှပ်လက်ရှည်တွေက ပုံစံ အမျိုးမျိုး ပြောင်းဝတ်နိုင်တဲ့ အဝတ်အစား ဖြစ်ပါတယ်။

၄။ ဂျင်းပြာ

အပေါက်ပါတဲ့ ဘောင်းဘီ ဒါမှမဟုတ် ဂျင်းပြာရောင် ဘောင်းဘီရှည်တွေက အခြေအနေ တိုင်းနဲ့ လိုက်ဖက်တဲ့ ဘောင်းဘီ ဖြစ်ပါတယ်။

၅။ Crewneck Sweater

လည်ပင်း အဝိုက် ဆွယ်တာတွေကို ဘောင်းဘီနဲ့ တွဲဝတ်နိုင်သလို စကပ်နဲ့ပါ တွဲဖက်နိုင်ပါတယ်။

၆။ Tailored trousers

Tailored trousers တွေက ပေါ့ပေါ့ပါးပါး အထာကျတဲ့ အဝတ်အစားမျိုးပါ။ သင့် Size နဲ့ အဆင်ပြေတာမျိုးတော့ ဖြစ်ရပါမယ်။

၇။ Classic Sneaker

ပေါ့ပေါ့ပါးပါး Sneaker တစ်ရံက သင့်ကို ပိုအထာကျစေပါတယ်။

၈။ Loafer

ခြေပိတ်ဖိနပ် Loafer တွေကို စကပ်နဲ့ မိန်းကလေးဆန်ဆန် ဝတ်နိုင်သလို ဘောင်းဘီနဲ့လည်း စမတ်ကျကျ ဝတ်နိုင်ပါတယ်။

၉။ ရွှေ Accessories

ရွှေရောင် လတ်ပတ်နာရီ၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်စတာတွေက အထက်တန်းဆန်ဆန် လှစေပါတယ်။

၁၀။ အနက်ရောင်အိတ်

အနက်ရောင်အိတ်က အင်္ကျီအရောင်တိုင်းနဲ့ လိုက်တာမို့ အသုံးဝင်တဲ့ အိတ်တစ်အိတ်ပါ။

Photo Source: Pinterest

By MyStyle Myanmar