အားလုံးပဲ မင်္ဂလာပါ။ သင့်ကိုယ်သင် ရင့်ကျက်တဲ့သူတစ်ယောက်လို့ သတ်မှတ်ထားလား။ ဒါမှမဟုတ် ကလေးဆန်တယ်..အတွေးတွေက ကလေးအတွေးတွေ ဖြစ်တုန်းပဲလို့ စဉ်းစားမိလား။ ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှ လူတိုင်းက ကိုယ့်ကို လေးစားမှာပါ။ ဒီအကြောင်းအရာတွေကတော့ သင်ရင့်ကျက်တဲ့အချိန်မှ သိလာမယ့် အရာတွေပါ။ ဒီအချက်တွေကို သိပြီးပြီလား မသိသေးဘူးလား၊ သင်ရင့်ကျက်ပြီလား။ ကလေးဆန်တုန်းလား ဆန်းစစ်ကြည့်ပါနော်-
အချက်တစ်ချက်က ကိုယ်နဲ့ကိုက်ညီတိုင်း ကိုယ့်ဘာကိုယ် တစ်မှတ်ပေးလိုက်နော်။
၁။ အတင်းပြောတယ်ဆိုတာ အချိန်ကုန်တယ်။ ဘာမှအသုံးဝင်တာမဟုတ်ဘူး။ သူများအကြောင်းပြောနေရတာက ပျင်းဖို့ကောင်းတယ်။
၂။ သင့်အမေဆီက ဖုန်းဆက်တာကို အရှုပ်ထုပ်လို့မမြင်ဘူး။ သင်က သင့်မိခင်ကို ဂရုစိုက်တယ်။
၃။ စကားနည်းနည်းပဲပြော၊ များများနားထောင်၊ တခြားသူတွေ အောင်မြင်တာကို ကြည့်ပြီး မုဒိတာပွားရမယ်။
၄။ ဘာမှမသိရင်တောင် အဆင်ပြေပါတယ်။
၅။ ကိုယ့်အတွက်ပဲ ကိုယ်နေပါ။ လူတိုင်းကလည်း သူတို့အလုပ် လုပ်နေတာပါ။
၆။ တစ်ခါတလေ ဒေါသထွက်တာ၊ စိတ်လိုက်မာန်ပါ ဖြစ်တာက ကိစ္စမရှိပါဘူး။
၇။ ဆင်ခြေပေးတာတွေရပ်ပြီး ပြဿနာကို ရင်ဆိုင်ရမယ်။
၈။ အချိန်က အဖိုးတန်တယ်။ ငါ့အချိန်ကို ဖြုန်းနေသူတွေကို ငြင်းရဲရမယ်။
၉။ ကိုယ့်ကိုကိုယ် ပိုချစ်ပါ။ တခြားသူအတွက်နဲ့ ကိုယ့်ကိုကိုယ် အထိခိုက်မခံပါနဲ့။
၁၀။ ကိုယ်လိုအပ်တဲ့အချိန်တိုင်း အနားမှာ ရှိတဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားပါ။
သင်ဘယ်အချက်တွေနဲ့ ကိုက်ညီလဲ။ ဘယ်နှစ်မှတ်ရလဲ ပြောခဲ့ပါဦး။