၂၀၂၀ ကိုတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ နှစ်အဖြစ်အားလုံးရင်ထဲ အမှတ်ရနေမှာပါ။ နောက်နှစ်မှာကော သင့်အနေနဲ့ ဘာတွေလုပ်မယ်စဉ်းစားထားလဲ။ ဒီအချက် (10) ချက်ကတော့ ၂၀၂၁ နှစ်စမှာ ပြုလုပ်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။

၁။ တစ်နှစ်တာအတွင်း ဘာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက် တစ်ခုထားပေးပါ။

၂။ ဘာတွေလုပ်မယ်၊ ဘာကိုဖြစ်မြောက်အောင် လုပ်မယ် စသဖြင့် Plan ချပြီး တကယ်အောင်မြင်နေသလို မြင်ယောင်ကြည့်ပါ။

၃။ ကိုယ့်နေရာ၊ အခန်းကို သန့်ရှင်းရေး လုပ်ပေးပါ။

၄။ အကောင်းမြင်စိတ်ကို နဂိုကထက် ကြိုးစားပြီး ထားကြည့်ပါ။

၅။ ငွေရေးကြေးရေး ကိစ္စတွေကို စီမံခန့်ခွဲပါ။

၆။ ကိုယ့်ကိုကိုယ် ဦးစားပေးပါ။

၇။ ကိုယ့်မိသားစုနဲ့ ဆက်ဆံရေး၊ ချစ်သူနဲ့ ဆက်ဆံရေး၊ သူငယ်ချင်းနဲ့ဆက်ဆံရေးစတဲ့အရာတွေမှာ အရင်ကထက် ပိုကောင်းအောင် ကြိုးစားပါ။

၈။ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပါ။

၉။ လူတွေက ကိုယ့်အပေါ် ဘယ်လိုဆက်ဆံသင့်လဲ၊ စည်းမျဉ်းတွေ အကန့်အသတ်တွေထားပေးပါ။

၁၀ ။ ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ရောက်ဖို့ ခြေလှမ်းသေးသေးလေးတွေကနေ စတင်ပါ။

Photo Source: Pinterest

By MyStyle Myanmar