VD နေ့မှာ Single တွေက RS တွေထက် လုပ်စရာ ပိုများပါတယ်။ VD ဆိုတာကြီးက သာမန်ရက်ပါပဲ။ ဒီနေ့မှာ သင်လုပ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ ဘာတွေလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ သူငယ်ချင်းတွေနဲ့ အပြင်သွားပါ

VD ဆိုတာက ကိုယ့်အတွက် အရေးပါသူ၊ ကိုယ်ချစ်တဲ့သူတွေ အတွက် အချိန်ပေးတဲ့နေ့ ဖြစ်ပါတယ်။ သင်ခင်ရတဲ့သူငယ်ချင်းတွေနဲ့ စုပြီး ဟင်းချက်တာ၊ မုန့်ထွက် ဝယ်စားတာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။

၂။ Romantic Dinner တစ်ခု ဖန်တီးပါ

သင်က ချစ်သူမရှိလည်း သင်က စိတ်ကူးယဉ်ဆန်ဆန် တစ်ယောက်တည်း ဒိတ်လုပ်နိုင်ပါတယ်။ သင်ကြိုက်တဲ့အစားအသောက်ကို ကိုယ်တိုင် ချက်ပြုတ်တာ၊ မှာစားတာ၊ ဝိုင်တစ်ခွက်နဲ့ Single ဘဝကို ဂုဏ်ပြုတာ စတာတွေပြုလုပ်နိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

ချစ်သူများနေ့မှာ Single မိန်းကလေးတွေ လုပ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုယ် အလှဆုံးဖြစ်အောင် ပြင်ဆင်တာပါ။ ဆံပင်လုပ်တာ၊ လက်သည်းနီဆိုးတာ၊ Skin care လုပ်တာ စသဖြင့် ပြုလုပ်နိုင်ပါတယ်။

၄။ ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးပါ

Valentine’s Day မှာ ချစ်သူရည်းစားနဲ့ အချိန်ကုန်သလို ကိုယ်ချစ်ရတဲ့ မိသားစုနဲ့လည်း အချိန်ကုန်ဆုံးနိုင်ပါတယ်။ချစ်သူနဲ့မှ မဟုတ်ပါဘူး။ သူတို့နဲ့ အတူတူ ရှိပြီး မုန့်တစ်ခုခု လုပ်စားနိုင်ပါတယ်။

၅။ အားကစားလုပ်ပါ

သင်က Single ဘဝကို စိတ်ကုန်နေတယ်ဆိုရင် စိတ်အပြောင်းအလဲ အနေနဲ့ အားကစားလုပ်ပေးသင့်ပါတယ်။ သင့်ခန္ဓာကိုယ် က ပိုကျန်းမာလေလေ သင်ပိုပျော်ရွှင်လေပါပဲ။

၆။ ဝယ်ချင်တာ ဝယ်ပါ

ရည်းစားရှိတဲ့သူတွေ အနေနဲ့ ရည်းစားအတွက် VD မှာ လက်ဆောင်တွေ ဝယ်ပေးနေရပါသေးတယ်။ Single တွေဆိုရင် ဘယ်သူ့ကိုမှ ဝယ်ပေးစရာ မလိုတာကြောင့် ကိုယ်ကြိုက်တာ ဝယ်ပစ်နိုင်ပါတယ်။

၇။ ဝတ္ထုစာအုပ်ဖတ်ပါ

သင်က ချစ်သူများနေ့ကို စိတ်ကူးယဉ်ဆန်ဆန် ရင်ခုန်စွာ ဖြတ်သန်းချင်တယ်ဆိုရင် ဝတ္ထုစာအုပ် ဖတ်နိုင်ပါတယ်။ဝတ္ထုစာအုပ်ထဲ သင်ကိုယ်တိုင် ဝင်ခံစားပြီး ကြည်နူးနိုင်ပါတယ်။

၈။ အလုပ်ကြိုးစားပါ

ဒီလိုနေ့မှာ အထီးမကျန်ဘဲ စိတ်အားမငယ်ဖို့ သင့်ကိုယ်သင် အလုပ်များများ ခိုင်းဖို့ လိုအပ်ပါတယ်။ သင့်အချစ်ရေးက ကံမကောင်းသေးရင် သင့်ဘဝကို ပိုကောင်းအောင် ကြိုးစားနိုင်ပါတယ်။

၉။ သင့်ကိုယ်သင် ပန်းဝယ်ပေးပါ

ဒါက နည်းနည်းတော့ ထူးဆန်းနေနိုင်ပါတယ်။ လူတိုင်းက လှပတဲ့ပန်းတွေ ရဖို့ ထိုက်တန်ပါတယ်။ သင့်အိမ်၊ သင့်အခန်းကို အလှဆင်ဖို့ ချစ်သူများနေ့မှာ ပန်းစည်းတွေ ဝယ်နိုင်ပါတယ်။

၁၀။ သင့်ကိုယ်သင် ချစ်မိအောင် ကြိုးစားပါ

ချစ်ခြင်းမေတ္တာက သမီးရည်းစား ဆက်ဆံရေးမှာပဲ ရှိတာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ချစ်တဲ့စိတ်ကို ပိုတိုးပွားအောင် ပြုလုပ်သင့်ပါတယ်။ ဒီနေ့မှာ အတုယူနိုင်မယ့် ကဗျာတွေ ဖတ်နိုင်သလို သင်ချစ်တဲ့ အရာတွေက ဘာတွေလဲ သိအောင် ကြိုးစားနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar