ကျွန်မတို့ များသောအားဖြင့် ကြားဖူးတာက Alpha Male ဆိုတဲ့ စကားကို ကြားဖူးလေ့ ရှိပါတယ်။ Alpha ဆိုတာက ရည်မှန်းချက် ပြင်းပြသူ ဖြစ်ပြီး ခေါင်းဆောင်ကောင်း ဖြစ်နိုင်သူ၊ အောင်မြင်နိုင်ချေ များသူ၊ စိတ်ဓာတ်မာကြောသူ ဖြစ်ပါတယ်။ တစ်ခါတလေ Alpha Type တွေဟာ လူရှိန်စရာ ကောင်းကာ ကြောက်ဖို့ ကောင်းလေ့ရှိပါတယ်။ အမျိုးသမီးတွေထဲမှာလည်း Alpha Woman တွေ ရှိပါတယ်။ သင်ကိုယ်တိုင် မသိဘဲ သင်က Alpha Woman ဖြစ်နေနိုင်ပါတယ်။သင့်မှာ ဒီအရည်အချင်းတွေ ရှိနေရင် သင်က Alpha ဖြစ်နိုင်ပါတယ်။

၁။ သင်က ပြောစရာ ရှိတာကို ဒဲ့ပြောတတ်တယ်

Alpha Type တွေက တခြားလူတွေဆီက ဘာလိုချင်လဲ အတိအကျ သိတတ်ပါတယ်။ ဖြေစရာ ရှိရင်လည်း လိမ်ညာ လှည့်ပတ်မနေဘဲ တိုက်ရိုက်ဖြေလေ့ရှိပါတယ်။ ပြောစရာရှိရင်လည်း ဒဲ့တိုး ပြောတတ်ပါတယ်။

၂။ သင်က စကားလုံးထက် အပြုအမူကို ပိုကြည့်တတ်တယ်

သင့်ကို လူတွေက Text ကနေ စကားပြောလာရင် သူတို့ကို လေးစားကြောင်း ပြတဲ့အနေနဲ့ ချက်ချင်း ပြန်ပို့တတ်ပါတယ်။ လူတွေက သင့်ကို စကားလုံးတွေ၊ Text Message တွေနဲ့ ကောင်းပြပါစေ တကယ်အမူအရာနဲ့ လက်တွေ့ပြမှ ယုံတတ်သူ ဖြစ်ပါတယ်။

၃။ သင်က တစ်ယောက်တည်း ဖြစ်သွားမှာ မကြောက်ဘူး

တခြားသူတွေရဲ့ အကြောင်းကို သင်မသိရလည်း ဘာမှမဖြစ်သလို၊ လူတွေက သင့်ကို တယောက်တည်း ချန်ထားရင်လည်း သင်က ထွေထွေထူးထူး မခံစားတတ်ပါဘူး။ ကိုယ်နဲ့ မဆိုင်တဲ့ အပိုကိစ္စတွေကို အတင်းအဖျင်းပြောလေ့မရှိဘဲ ကိုယ်လေ့လာရမယ့် အရာဆိုရင်တော့ ထဲထဲဝင်ဝင် လေ့လာတတ်ပါတယ်။

၄။ ပြောစရာရှိတာကို ပြောတယ်

သင်က ကိုယ်ပြောတဲ့စကားလုံးအတိုင်း တည်အောင် လုပ်ပြတတ်သူပါ။ သင်က လူတွေရှေ့ ဟန်ဆောင်ပြတတ်သူ မဟုတ်ဘဲ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူ ဖြစ်ပါတယ်။

၅။ သင့်မှာ သူငယ်ချင်းအနည်းငယ်ပဲ ရှိတယ်

သင်က လူပေါင်းဆန့်သူ ဖြစ်ပေမယ့် သင့်ဆီမှာ ယုံကြည်ရတဲ့ သူငယ်ချင်း အနည်းငယ်လောက်ပဲ ရှိပါတယ်။ သင့်အတွက် Toxic ဖြစ်မယ့် သူတွေကို သင်က ဖယ်ရှောင်တတ်ပြီး တစ်ယောက်ယောက်က ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်လာရင်လည်း ဒီအရာကနေ သင်ခန်းစာ ယူလေ့ရှိပါတယ်။

၆။ ကိုယ့်စတိုင်နဲ့ ကိုယ်နေရတာ ကြိုက်တယ်

သင်က ဘယ်အရာပဲ ဖြစ်ဖြစ် တစ်ယောက်တည်း လုပ်ရလည်း ကိစ္စမရှိသူ တစ်ဦးပါ။ သင်က အမှီအခိုကင်းသူ ဖြစ်တာကြောင့် တစ်ကိုယ်လည်း နေထိုင်ရဲသူ ဖြစ်ပါတယ်။

၇။ Low Key လေး နေတတ်သူ

သင့်ဘဝနဲ့ တခြားသူတွေကြားမှာ စည်းခြားတတ်သူ ဖြစ်ပြီး ကိုယ့် Privacy ကို အလေးထားသူ ဖြစ်ပါတယ်။ သင်က Social Media ပေါ်မှာ ဘာမှ သိပ်မတင်တတ်ဘဲ ကိုယ့်အတွက် အရေးပါမှ တင်လေ့ရှိပါတယ်။

၈။ ကိုယ်သဘောကျတဲ့ အရာလုပ်ရင်း အချိန်ကုန်တတ်သူ

သင်က အမြဲ အလုပ်နဲ့ လက် မပြတ်သူ ဖြစ်ပြီး အမြဲ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ နေထိုင်သူ ဖြစ်ပါတယ်။ သင်က အသစ်အသစ်တွေကို လေ့လာဖို့ အားသန်သူ တစ်ဦးဖြစ်ပါတယ်။

၉။ တခြားသူ သင့်အကြောင်း ဘာပြောမလဲ သိပ်ဂရုမစိုက်သူ

သင့်ရဲ့ ဆောင်ပုဒ်က “သင်သာ ငါ့အပေါ် ကောင်းရင် ငါလည်း ကောင်းမယ်”ဆိုပြီး ဖြစ်လေ့ရှိပါတယ်။ သင်က တခြားသူတွေရဲ့ စံသတ်မှတ်ချက်တွေ၊ အတွေးတွေအတိုင်း နေထိုင်သူ မဟုတ်ဘဲ တခြားသူအတွေးကို သိပ်ဂရုမစိုက်သူ ဖြစ်ပါတယ်။

၁၀။ သင့်ကို တန်ဖိုးမထားသူနဲ့ တွဲရမယ့်အစား Single ဘဝကိုပဲ ရွေးချယ်မယ်

သင်က သင့်ကို တန်ဖိုးထား လေးစားရကောင်းမှန်းမသိတဲ့ သူနဲ့ တွဲမယ့်အစား Single ဘဝကို ပျော်ပျော်ဖြတ်သန်းမယ့် သူတစ်ဦးပါ။

Photo Source: Pinterest

By MyStyle Myanmar