Introvert ဆိုတာကတော့ ဖော်ဖော်ရွေရွေ သိပ်မရှိဘူးလို့ ထင်ရပြီး တစ်ယောက်တည်း နေတတ်သူတွေ ဖြစ်ပါတယ်။ Social မကျဘူးလို့ ပြောလို့ရတဲ့ Introvert တွေက တခြားသူတွေထက် ထူးထူးဆန်းဆန်း ပြုမူတတ်ပါတယ်။ ဒီလိုပဲ သူတို့ ချစ်မိသွားတဲ့အချိန်မှ ပြုလုပ်တတ်တဲ့ ထူးဆန်းတဲ့ အရာတွေ ရှိပါသေးတယ်။ သင်သာ Introvert တစ်ယောက်ဆိုရင်တော့ ချစ်မိသွားပြီဆိုရင် ဒီလိုအပြုအမူတွေ လုပ်တတ်လား ပြောပြခဲ့ပါဦး။

၁။ ချစ်ရသူနဲ့ အချိန်ကုန်ဖို့ အေးချမ်းတဲ့ အချိန်တွေကနေ ဖဲ့ပေးတတ်လာပြီ

Introvert တွေက တိတ်တိတ်ဆိတ်ဆိတ် နေရတာကို နှစ်သက်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ချစ်မိသွားပြီဆိုရင်တော့ ဒီငြိမ်သက်တဲ့အချိန်တွေကနေ ဘယ်လိုပဲ ဖြစ်ပါစေ ဒီလူဆီ အချိန်ပေးတတ်ပါတယ်။

၂။ Comfort Zone ထဲက ရုန်းထွက်ပေးတယ်

Introvert တွေ မကြိုက်ဆုံးက ပြောင်းလဲခြင်းတွေပါပဲ။ အရင်က မလုပ်ဖူးတာတွေလုပ်ရမှာ၊ နေသားတကျ ဖြစ်တာကနေ ရုတ်တရက် ပြောင်းလဲသွားတာတွေကို သူတို့က မုန်းတတ်ပါတယ်။ ဒါပေမဲ့ ချစ်ရသူအတွက်တော့ ဘာလုပ်ရလုပ်ရ ပြောင်းလဲပေးဖို့ အသင့်ရှိတတ်ပါတယ်။

၃။ ခံစားချက်ကို ဖွင့်ထုတ်လာတယ်

အရင်က စကားနည်းသူက ချစ်ရသူ၊ ယုံကြည်ရသူဆိုရင် သူတို့ရဲ့ ခံစားချက်တွေကို တရစပ် ဖွင့်ပြောတတ်ပါတယ်။

၄။ လူရှုပ်တဲ့နေရာတွေပါ သွားရဲလာတယ်

သင်က Introvert တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူပဲ ထားပါတော့။ သင်သွားချင်တဲ့ နေရာက လူရှုပ်တဲ့နေရာလား၊ ရှိုးပွဲလား။ Introvert တွေက သင်သွားသမျှ နေရာကို လိုက်ပေးဖို့ အဆင်သင့်ပါပဲ။

၅။ ချစ်ရသူအတွက် ပြောင်းလဲပေးတယ်

အရင်က အိမ်မှာပဲ အိမ်တွင်းပုန်းနေတဲ့ Introvert တွေက ချစ်ရသူနဲ့ တွေ့ရင်တော့ သူတို့အတွက် ဘယ်အရာပဲ ဖြစ်ဖြစ် ပြောင်းလဲပေးဖို့ အဆင်သင့်ပါပဲ။

၆။ ချစ်ရသူအကြောင်း အကုန်သိချင်တယ်

Introvert တွေက လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ဒီလူအကြောင်းကို အကုန်သိချင်ပါတယ်။ သူတို့ ဘာတွေ ကြိုက်တတ်လဲ၊ အရင်က ဘာတွေ လုပ်ခဲ့လဲ အကုန်သိချင်ပါတယ်။

၇။ သင့်ကို သတိရလာအောင် လုပ်တတ်တယ်

Introvert တွေက စိတ်ကူးတော့ ကောင်းပါတယ်။ သင်သတိတရ ရှိနေအောင် ဘယ်လိုလက်ဆောင်ပေးရမလဲ Introvert တွေက တွေးတတ်ပါတယ်။

၈။ သင့်အကြောင်း အသေးစိတ်သိတယ်

Introvert တွေက သူတို့ ချစ်တဲ့သူဆိုရင် ခေါင်းအစခြေအဆုံး ဂရုတစိုက် ရှိပါတယ်။ သင်တစ်ခုခု ပြောင်းလဲနေတာနဲ့ Introvert တွေက သတိထားမိပါတယ်။

၉။ အပြည့်အဝ နားလည်ပေးတယ်

Introvert တွေက သူတို့ ချစ်ရသူကို အပြည့်အဝ ဖြည့်တွေးပေးပြီး နားလည်ပေးတတ်ပါတယ်။

၁၀။ သင့်အတွက် Music Playlist လုပ်ပေးနိုင်တယ်

Introvert တွေက သီချင်းနားထောင်ရတာ နှစ်သက်သူတွေဖြစ်ပါတယ်။ သူတို့သာ လူတစ်ယောက်ကို ချစ်မိရင် ဒီလူအတွက် Music Playlist တောင် ဖန်တီးပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar