Introvert တွေက အလုပ်တစ်ခုခု လုပ်တဲ့အချိန် သူတို့ရဲ့ အပြုအမူက ထူးခြားတတ်ပါတယ်။ သူတို့က လူတစ်ယောက်ကို ချစ်မိဖို့ အချိန်ယူရသလို စိတ်ချင်း ဆက်သွယ်လို့ရမယ့် ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် Type ဖြစ်မှ ရွေးချယ်တတ်ကြပါတယ်။ ဆိုလိုရင်းကတော့ Introvert တွေဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် မတူထူးခြားစွာ ပြုမူတတ်ကြပါတယ်။ သူတို့အတွက် ချစ်မိပြီဆိုရင် ဒီအချစ်က တန်ဖိုးအပြည့်ရှိကြပါတယ်။ Introvert တွေ ချစ်မိရင် ဘယ်လိုတွေ ပြုမူတတ်ကြလဲ ကြည့်လိုက်ရအောင်နော်-

၁။ သူတို့ရဲ့ တိတ်ဆိတ်တဲ့အချိန်တွေကို သင့်အတွက် ပေးတယ်

Introvert တွေက တိတ်တိတ်ဆိတ်ဆိတ် နေရတာကို သဘောကျပါတယ်။ လူတွေနဲ့ တွေ့ရင်တောင် ဒီလူတွေက သူတို့အတွက် Special ဖြစ်မှ အချိန်ပေးကြပါတယ်။ သင့်အတွက် သူက တိတ်ဆိတ်ခြင်းကို စွန့်လွှတ်ပြီး အချိန်ပေးရင်တော့ သင်က Introvert တစ်ယောက်အတွက် ထူးခြားသူပါ။

၂။ Comfort Zone ထဲက ထွက်တယ်

Introvert တွေဟာ သူတို့အတွက် သက်တောင့်သက်သာ မဖြစ်တဲ့ ပတ်ဝန်းကျင်တွေမှာ မနေချင်ကြပါဘူး။ သူတို့ချစ်တဲ့သူအတွက်ပဲ သည်းခံပြီး နေပေးတတ်ကြပါတယ်။

၃။ ရင်ဖွင့်တတ်လာတယ်

Introvert တစ်ယောက်က သူတို့ ယုံကြည်ရတဲ့ သူတွေဆီမှာပဲ သူတို့အကြောင်းကို ရင်ဖွင့်တတ်တာပါ။ သူတို့ တကယ်ချစ်မှ ဒီလူဆီမှာ ရင်ဖွင့်ကြပါတယ်။

၄။ လူတောတိုးတယ်

သင်က လူတွေများတဲ့ နေရာတွေသွားချင်တယ်ဆိုရင် သင့်ကို တကယ်ချစ်တဲ့ Introvert တစ်ယောက်က အတူတူ လိုက်ပေးပါလိမ့်မယ်။

၅။ သင်နဲ့ ပွဲတွေ အခမ်းအနားတွေ လိုက်ရမယ်ဆိုရင်လည်း လိုက်ပေးတယ်

Introvert တွေက လူများတာကို မကြိုက်ကြပေမယ့် ကိုယ်ချစ်တဲ့သူ သွားမယ့် နေရာက လူများတဲ့ နေရာဆိုရင်တောင် ရအောင် လိုက်တတ်ကြပါတယ်။

၆။ သင့်အကြောင်းကို သိချင်တယ်

Introvert တွေက သူတို့ သဘောကျတဲ့ သူရဲ့ အကြောင်းကို အသေးစိပ် သိချင်ကြပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့သူအကြောင်းကိုမှ သူတို့က စကားသေချာ ပြောချင်ကြတာပါ။

၇။ လက်ဆောင်တွေ ပေးတတ်ကြတယ်

သူတို့ ချစ်တဲ့ လူတစ်ယောက်အတွက် အမှတ်တရ လက်ဆောင်တွေ ဝယ်ပေးချင်ကြပါတယ်။ Introvert တွေက သူတို့ ချစ်တဲ့သူကို လက်ဆောင်ပေးပြီး သူတို့ကို သတိရအောင် ဖန်တီးတတ်ကြပါတယ်။

၈။ သင့်အကြောင်းကို ပိုသိကြတယ်

Introvert တွေက သူတို့ သဘောကျတဲ့ သူဆိုရင် အသေးစိပ်က အစ သတိထားမိကြပါတယ်။ သူဒီနေ့ ဘယ်လိုပြောင်းလဲနေလဲ Introvert တွေက ပိုသိတတ်ကြပါတယ်။

၉။ နားလည်ပေးတတ်တယ်

သူတို့ ချစ်တဲ့ သူတစ်ယောက်ကို Introvert တွေက အပြည့်အဝ နားလည်ပေးတတ်ကြပါတယ်။

၁၀။ သင့်အတွက် သီချင်း Playlist လုပ်ပေးနိုင်တယ်

Introvert တွေက သီချင်းတွေနဲ့ ခံစားချက်ကို ဆက်နွယ်ကြတာပါ။ ကိုယ်ချစ်တဲ့သူအတွက် ရည်ညွှန်းတဲ့ သီချင်းတွေ ရှာဖွေဖို့၊ Playlist လုပ်ပေးဖို့ အားသန်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar