ကျွန်တော်တို့အားလုံးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နေထိုင်နေကြတာပါ။ နေ့တိုင်း ကျွန်တော်တို့ရဲ့ ပုံရိပ်ယောင်လောကထဲမှာ ကျင်လည်ကြရင်း တစ်ခါတစ်လေမှာ ကိုယ့်လုပ်ရပ်ဟာ တစ်ခြားသူတွေ သဘောမကျစရာ ဖြစ်တတ်ပါတယ်။

ယောင်္ကျားလေးတွေကို ကြည့်တဲ့အခါ မိန်းကလေးတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်တွေက အစ ကြည့်ပြီး စရိုက်ဝါသနာကို လေ့လာ လာကြပြီ ဖြစ်ပါတယ်။ လူမှုကွန်ရက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ယောင်္ကျားလေးတွေ လုပ်တတ်တဲ့ အကျင့်တစ်ချို့ကို မိန်းကလေးတွေက သဘောမကျတတ်ကြပါဘူး။ ဘာတွေလဲဆိုတော့-

Photo: Tech Fanpage

(၁) ဆယ်လ်ဖီဆွဲလွန်းတာ။
(၂) လူမှုကွန်ရက်မှာ ဆရာကြီးလုပ်တာ။
(၃) ကိုယ်ဘယ်လောက် ကြိုးစားခဲ့ရသလဲဆိုပြီး ကိုယ့်အနာတွေပဲ လှန်ပြတာ။
(၄) နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပေါက်ကွဲတာ ၊ အဆိုးမြင်တာ။
(၅) မက်ဆေ့ကို အချိန်မီ Reply မပြန်တတ်တာ။

Source : Visual Media Church

(၆) မိန်းကလေးတွေ ပုံတွေ ဆက်တိုက်တင်တာ။
(၇) လုံးဝဥဿုံပွင့်လင်းပြီး အွန်လိုင်းပေါ် ဖြစ်သမျှအကုန် ပြောတတ်တာ။
(၈) သောက်စားမူးယစ်နေတဲ့ ပုံနဲ့ ဗွီဒီယိုတွေ အမြဲတင်တတ်တာ။
(၉) တစ်ချိန်လုံး ကိုယ့်ဘဝအကြောင်းပို့စ်တွေပဲ တင်နေတတ်တာ။
(၁၀) Instagram နဲ့ Facebook ပေါ်က မော်ဒယ်မိန်းကလေးတွေအများကြီးကို Follow လုပ်ထားတာ။

ဆိုတော့ အခုပြောခဲ့တဲ့ အချက်တွေကတော့ Ashleyweston ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက် တစ်ချို့ ဖြစ်ပါတယ်။ ဒီထက်လည်း မက ရှိဦးမယ် ထင်ပါတယ်။