စိတ်ချမ်းသာပျော်ရွှင်တဲ့ ဘဝကို နေထိုင်နိုင်ဖို့ အမျိုးသမီးတွေ အမျိုးသားတွေအတွက် မလုပ်ပေးသင့်တဲ့ အရာတွေ ရှိပါတယ်။ ချစ်တယ်ဆိုတိုင်း ရှိသမျှ အကုန်ပေးဆပ်စရာ မလိုပါဘူး။ လူတွေအပေါ် ကြင်နာတတ်တာ၊ ဂရုစိုက်တာ ကောင်းပေမယ့် ကိုယ့်ပျော်ရွှင်မှုကိုတော့ စတေးခံစရာ မလိုပါဘူး။ သင်က ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ရင် ဖော်ပြထားတဲ့ အချက်တွေကို အမျိုးသားအတွက် ဆိုပြီး မလုပ်ပေးသင့်ပါဘူး။

၁။ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်တာ

သူ့အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်အိပ်မက်တွေကို မစွန့်လွှတ်သင့်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်တယ်ဆိုရင် အဆင်ပြေအောင် အချင်းချင်း ညှိနှိုင်းလို့ ရပါတယ်။ အလုပ်တစ်ခုကို ကိုယ်မလုပ်ချင်တော့တာက လွဲရင် ကျန်တဲ့ ဘယ်အကြောင်းပြချက်မှ ကြားခံတာမျိုး မရှိသင့်ပါဘူး။

၂။ ကိုယ့် စာရိတ္တကို ပြောင်းလဲတာ

ကိုယ့် အကျင့်စာရိတ္တက ပတ်ဝန်းကျင်ကို မထိခိုက်သရွေ့ အဆင်ပြေပါတယ်​။ ဘယ်သူ့မှာမဆို့ အကျင့်စရိုက် တစ်ခုခုကတော့ ရှိပါတယ်။ သင့်ချစ်သူက ဒါကို မပြောင်းလဲခိုင်းသင့်သလို သင်ကိုယ်တိုင်ကလည်း ပြောင်းလဲစရာ မလိုပါဘူး။

၃။ ကိုယ့်ပုံစံကို ပြောင်းလဲတာ

သူ့အတွက်နဲ့ သင့်ခန္ဓာကိုယ်၊ သင့်ပုံစံကို ပြောင်းလဲစရာမလိုပါဘူး။ သင့်အတွက်ပဲ သင် ပြောင်းလဲသင့်ပါတယ်။ သူက သင့်ပုံစံကို ပြောင်းလဲချင်နေရင် စောစောစီးစီး တာ့တာ ပြသင့်ပါတယ်။

၄။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်

သင့်ကောင်လေးက သင်နဲ့ တွေ့ချင်သလို သင့်သူငယ်ချင်းတွေ၊ သင့်မိသားစုဝင်တွေကလည်း သင်နဲ့ တွေ့ချင်တာပါပဲ။ သင့်အနေနဲ့ ရည်းစားအတွက်ပဲ အချိန်မပေးဘဲ အဘက်ဘက်မှာ မျှတအောင် အချိန်ကို အကန့်ခွဲသင့်ပါတယ်။ ရည်းစားနဲ့ပြတ်ရငိ သင့်သူငယ်ချင်းတွေကပဲ သင့်အတွက် ရှိမှာပါ။

၅။ တုံးချင်ယောင်ဆောင်တာ

သူ့ထက် ကိုယ်က ပိုတော်နေတယ်ဆိုတာ မသိစေဖို့ တုံးအချင်ယောင်ဆောင်တာမျိုး မလုပ်သင့်ပါဘူး။ အမျိုးသားတွေက အမှီအခိုကင်းတဲ့ အမျိုးသမီးတွေကို သဘောကျလေ့ရှိကြပါတယ်။ သင် တော်တာကို မြင်ရင် ယောကျာ်းလေး အများစုက ဂုဏ်တောင် ဂုဏ်ယူပါဦးမယ်။

၆။ အစာမစားဘဲ နေတာ

ကိုယ်တိုင် ဝိတ်ကျချင်တာဆိုရင် ဘာမှမစားဘဲ နေတာက ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ အစာငတ်မခံသင့်ပါဘူး။

၇။ အထိန်းချုပ်ခံ

ဆုံးဖြတ်ချက်အတူတူ ချတယ်ဆိုရင် နောက်ဆုံး ရလဒ်က နှစ်ဦးသဘောတူပဲ ဖြစ်သင့်ပါတယ်။ သင်က သူ ထိန်းချုပ်တာ မခံသင့်ပါဘူး။

၈။ ကလေးယူတာ

ကလေးမွေးတယ်ဆိုတာက နှစ်ဦးသဘောတူမှ လုပ်သင့်တာပါ။ ကလေးယူတယ်ဆိုတာက ကြီးမားတဲ့ ကိစ္စတစ်ခုပါ။ သင်က မလိုချင်ရင် သူ့အကြိုက်လိုက်ပြီး မွေးပေးစရာ မလိုပါဘူး။

၉။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတာ

သူနဲ့ တွဲကတည်းက ကိုယ့်ပုံစံ၊ ရည်ရွယ်ချက်၊ ခံယူချက်တွေ ပျောက်ဆုံးသွားတယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

၁၀။ ကိုယ့်စံသတ်မှတ်ချက်တွေကို လျှော့တာ

သင်အခုတွဲနေတဲ့ တစ်ယောက်က သင့်စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် ကြိတ်မှိတ်ပြီး တွဲနေစရာမလိုပါဘူး။ ကိုယ့် Standard က Realistic ဖြစ်သ​ရွေ့ မှန်ကန်တဲ့ လက်တွဲဖော်ကို ဆက်ရှာနေနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar