ကိုယ့်နဂို ရှိရင်းစွဲ အလှကို ပိုလှအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါကြောင့်ပဲ မော်ဒယ်တွေ၊ မင်းသမီးတွေဟာ ရှိရင်းစွဲထက် ပိုလှအောင် ဖန်တီးတတ်ကြတာပါ။ သင်ကိုယ်တိုင် သင့်နဂို အလှကို ပိုတက်လာအောင် လုပ်နိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ မျက်ခုံးရှင်းပါ

မျက်ခုံး အပြောင်းအလဲက သင့်မျက်နှာကို လုံးဝ ပြောင်းလဲနိုင်တဲ့အထိ အရေးပါ ပါတယ်။ သင်က မျက်ခုံးမွှေးတွေ များလာပြီလို့ ခံစားရတဲ့အချိန် ပုံဖော် ရိတ်လိုက်တဲ့အခါ မျက်နှာလေး ပိုလင်းသွားကာ ပို လှသွားတာကို သတိထားမိပါလိမ့်မယ်။

၂။ Highlight ထည့်တဲ့အခါ

မိတ်ကပ်လိမ်းတဲ့အခါ မျက်လုံး နှစ်လုံးရဲ့ အလယ်၊ နှာခေါင်းရဲ့ တစ်ဘက်တစ်ချက်ကို Highlight သုံးသင့်ပါတယ်။ ဒီလို Highlight ထည့်လိုက်တာက သင့် မျက်နှာကို ပိုငယ်သွားစေပြီး လူငယ်ပိုဆန်စေပါတယ်။

၃။ Blush သုံးပါ

မိတ်ကပ်လိမ်းတဲ့အချိန် Blush သုံးဖို့လည်း အရေးကြီးပါတယ်။ Blusher ကို သင့်ပါးနဲ့ နှာခေါင်းပေါ်မှာ သုံးနိုင်ပါတယ်။ ပါးပေါ်မှာ သုံးဖို့ကိုတော့ ဘယ်တော့မှ မမေ့သင့်ပါဘူး။

၄။ ဆံပင်

ဆံပင်က ပိုထူတယ်ထင်ရလေလေ ပိုလှလေပါပဲ။ ဒါကြောင့် သင့်မျက်နှာနဲ့အတူ Hair Volume ကို ပိုများအောင် ဖန်တီးသင့်ပါတယ်။ သင်က ဘာမှ ကြိုးစားစရာမလိုဘဲ လှနေတာကို သတိထားမိပါလိမ့်မယ်။

၅။ ရေမွှေး

ရေမွှေးသုံးတဲ့အခါ ကိုယ့်အကြောင်းကို ဖော်ပြပေးမယ့်၊ ကိုယ်နှစ်သက်တဲ့ ရေမွှေးအနံ့တစ်မျိုးတည်းကို စွဲသုံးသင့်ပါတယ်။ ဒီလိုဆိုရင် သင့်အကြောင်းကို လူတွေက ပိုအမှတ်ရနေပါလိမ့်မယ်။

၆။ Accessories တွေ ဝတ်ပါ

နားကပ်၊ လက်ကောက်စတာတွေကို အချိန်အခါ အလိုက် ဝတ်သင့်ပါတယ်။ ဒီ Accessories တွေကပဲ သင့်အလှကို ပိုထူးခြားစေမှာပါ။

၇။ မျက်တောင်ကော့ပါ

မိတ်ကပ်လိမ်းတာနဲ့ မျက်တောင်ကော့ဖို့ အရေးကြီးပါတယ်။ ဒါကို မေ့တာနဲ့ သင်က ဘယ်လောက် ပြင်ပြင် ထူးခြားမှာ မဟုတ်ပါဘူး။

၈။ ဖက်ရှင် Item

ဘေး Shoulder Bag က သင့် ဖက်ရှင်ကို ပြည့်စုံစေပါလိမ့်မယ်။ ဖိနပ်ကိုလည်း အရည်အသွေးကောင်းတာမျိုး စီးသင့်ပါတယ်။

၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့

ပိုလှအောင် ကိုယ့်မျက်နှာအပြင် ကိုယ့်အမူအရာ၊ ယုံကြည်မှုကိုလည်း မြှင့်တင်ဖို့ လိုပါတယ်။ စကားပြောတဲ့အခါ တခြားသူ မျက်လုံးကို ကြည့်ပြောတာ၊ ကိုယ်နေဟန်ထားကို မှန်အောင် ထားတာ စသဖြင့် သတိထားသင့်ပါတယ်။

၁၀။ အသေးစိပ်ကို ဂရုစိုက်ပါ

သင်က ပိုလှချင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာလိုအပ်လဲ အသေးစိပ် လိုက်ကြည့်သင့်ပါတယ်။ ဥပမာ- ဆံပင်အဆီပြန်နေရင် ခေါင်းလျှော်ဖို့ မပျင်းသင့်ပါဘူး။

Photo Source: Pinterest
By MyStyle Myanmar