အားလုံးပဲမင်္ဂလာပါ။ သင်က ကိုးရီးယားက မိန်းကလေးတွေလို စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Skin Care သေချာ လုပ်ပေးသင့်ပါတယ်။ Skin Care လုပ်တဲ့နေရာမှာတောင် Mask ကပ်ရုံနဲ့ မပြီးပါဘူး။ အဆင့်တွေ အများကြီးရှိပါတယ်။ ဒီအဆင့်တွေအတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သင့်အသားအရေ နဂိုကထက် ပိုစိုပြေလာပါလိမ့်မယ်။

၁။ အဆီနဲ့ သန့်ရှင်းပါ

မျက်နှာသန့်စင်တယ်ဆိုရင် ကျွန်မတို့ သိကြတာက Facial Foam ကိုသုံးရမယ်လို့ သိထားတာပါ။ တကယ်တော့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို အတွင်းထဲထိ ဖယ်ရှားဖို့ Cleansing Oil ကို သုံးပေးသင့်ပါတယ်။ သင်က Cleansing Oil မရှိဘူးဆိုရင်တော့ သံလွင်ဆီကို အစားထိုးသုံးနိုင်ပါတယ်။ ပြီးရင်တော့ Makeup Remover နဲ့ ဆီတွေကိုပြန်ဖယ်ပေးရပါမယ်။


၂။ Facial Foam ကိုသုံးပါ

ဒါကတော့ သင်လုပ်နေကျ အဆင့်အတိုင်းပါပဲ။ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသစ်ပေးရပါမယ်။

၃။ ချေးချွတ်ပါ


မျက်နှာအတွက် ရည်ရွယ်ထားတဲ့ Facial Scrub ကိုသုံးပြီး ချေးချွတ်ပေးရပါမယ်။ ဆားပါဝင်မှုများတဲ့ Scrub တွေက ချွေးပေါက်ကျယ်စေတာမို့ သတိထားရွေးချယ်သင့်ပါတယ်။

၄။ Toner သုံးပါ

ချေးချွတ်ပြီးနောက်မှာတော့ တိုနာသုံးပေးရပါတယ်။ တိုနာက Skincare အာနိသင်တွေ စိမ့်ဝင်ဖို့ ပိုလွယ်စေသလို အရေပြား pH ကို ထိန်းညှိပေးပါတယ်။

၅။ Essence လိမ်းပါ

ဝက်ခြံဖြစ်တတ်တဲ့နေရာ၊ အမည်းစက်ရှိတဲ့နေရာတွေကို Essence လိမ်းပေးနိုင်ပါတယ်။


၆။ Eye Cream

မျက်လုံးအောက်က နူးညံ့တဲ့အသားအရေတွေ စိုပြေဖို့ Eye Cream လိမ်းနိုင်ပါတယ်။

၇။ Serum

Serum ကို မျက်နှာအပေါ်ပင့်တင်တဲ့ပုံစံမျိုး လိမ်းပေးနိုင်ပါတယ်။


၈။ Face Mask

ဒါကတော့ သင်လုပ်ဖူးတဲ့အဆင့်အတိုင်းပဲ Face Mask ကပ်ပေးရပါမယ်။

၉။ Moisturizer

အစိုဓာတ်ထိန်းခရင်ကို မျက်နှာထဲ စိမ့်ဝင်သွားတဲ့အထိ လိမ်းပေးရပါမယ်။


၁၀။ Sunscreen

အပြင်မသွားခင် နေလောင်ကာခရင်မ် သေချာလိမ်းပေးရပါမယ်။

အဆင့် ၃ နဲ့ အဆင့် ၈ ကို တစ်ပတ်မှာ တစ်ကြိမ်ပုံမှန်ပြုလုပ်ပေးရုံနဲ့လုံလောက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar