ဒီတစ်ခါမှာတော့ လက်သည်းအတုဆက်ပြီး ပုံဖော်ရတာမျိုးကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် လုံးဝကို Luxury ဆန်ပြီး ဒီဇိုင်းဆန်းဆန်းနဲ့ လှပနေမယ့် လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းဆက်ပြီး ပုံဖော်ဖို့ စဉ်းစားထားရင် ပွဲတွေသွားစရာရှိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ရိုးရှင်းတဲ့ဒီဇိုင်းတွေ ပုံမဖော်ပဲ ဒီလိုဒီဇိုင်းမျိုးတွေကိုလည်း အပြောင်းအလဲဖြစ်အောင် ပုံဖော်ကြည့်ပါ။

အရမ်းလှတဲ့ Rose Gold Pearl လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကအစ မိန်းကလေးဆန်ပြီး ဒီဇိုင်းကလည်း လုံးဝကို Luxury ဆန်တာကြောင့် ပွဲတက်အတွက်ပါ အဆင်ပြေပါတယ်။

Hourglass, Sand Glass ပုံစံလေးကိုမှ ဒီဇိုင်းဆန်းအောင် ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှပါတယ်။

ချစ်ဖို့ကောင်းတာလေးတွေ ကြိုက်သူများအတွက် အရမ်းချစ်ဖို့ကောင်းပြီး မြင်နေကျဒီဇိုင်းတွေနဲ့မတူပဲ ကွဲထွက်နေမယ့် လက်သည်းဒီဇိုင်းလေးပါ။

Butterfly လက်သည်းဒီဇိုင်းကိုမှ Cute Type မျိုးမဟုတ်ပဲ Tattoo ဒီဇိုင်းပုံစံ ခပ်မိုက်မိုက်လေးဖြစ်အောင် ပုံဖော်ထားတာပါ။

ကျောက်တွေ Crystal တွေနဲ့ Rainy Nail Art အဖြစ် ဖန်တီးထားတဲ့ လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။ အရမ်းမိုက်ပြီးလှတဲ့အတွက် ပွဲတက်အတွက်ဆို ပိုအဆင်ပြေပါတယ်။

White Christmas လက်သည်းဒီဇိုင်းလေးဖြစ်လို့ ဒီဇင်ဘာမှာ ပုံဖော်ဖို့ ကွက်တိပါပဲ။ ဒီလက်သည်းဒီဇိုင်းလေးကိုမြင်ရင် “Frozen” ကိုတောင် ပြေးမြင်မိမှာပါ။

Luxury ဆန်ပြီး မိုက်နေတဲ့ Dior လက်သည်းဒီဇိုင်း ဖြစ်ပါတယ်။ Dior Crazy တွေကတော့ သဘောကျမှာ သေချာပါတယ်။

ဆောင်းရာသီအတွက် Autumn Mood မျိုးရစေမယ့် လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ချစ်ဖို့ကောင်းသလို လှလည်းလှပြီး ဒီဇိုင်းဆန်းတဲ့ Red Cherry လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒီ Starry Sky Galaxy လက်သည်းဒီဇိုင်းကတော့ အရမ်းလှပြီး မိုက်လည်းမိုက်ပါတယ်။ ခရမ်းရောင်ကြိုက်တဲ့သူတွေဆို ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အသားလည်းဆောင်ပါတယ်။

Photo source:www.jounail.com