အတိုတွေခေတ်စားနေတဲ့အချိန်မျိုးမှာ အတိုမဝတ်ချင်ရင် စတိုင်လ်ကျအောင် ဘောင်းဘီရှည်လေးတွေ ဝတ်လို့ရပါတယ်။ တချို့ကျတော့ အတိုမဝတ်ရဲလို့ မဝတ်တာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘောင်းဘီရှည်လေးတွေနဲ့ လုံလုံခြုံခြုံလေးဝတ်ပြီး စတိုင်လ်ကျကာလှပနေစေဖို့ ဖက်ရှင် (၁၀) မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

Skinny ဘောင်းဘီအကျပ်လေးတွေက ခန္ဓာကိုယ်သွယ်တဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဒီလို Skinny ဘောင်းဘီလေးကိုမှ အဖြူရောင်လေးကိုရွေးချယ်ပြီး ဝတ်မယ်ဆိုရင်တော့ အပေါ်ကနေ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းနေစေမယ့် အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ လက်ရှည်လေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

Skinny ဘောင်းဘီအနက်ရောင်လေးကတော့ မိန်းကလေးတိုင်းမှာရှိမှာပါ။ ဒီဘောင်းဘီလေးကို ပေါ့ပါးပြီးချစ်စရာကောင်းစေတဲ့ အင်္ကျီအဖြူလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ လူငယ်ဆန်ပြီး ချစ်စရာကောင်းစေပါတယ်။

အခုနောက်ပိုင်းမှာတော့ ဂျင်းဘောင်းဘီ ခြေမျက်စိအထက်နားရောက်တာလေးကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်လာပါတယ်။ ဒီဘောင်းဘီလေးတွေကို ရိုးရိုးအဖြူရောင် Tee လေးတွေနဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းနေမှာပါ။

Skinny ဘောင်းဘီအကျပ်လေးတွေကို Flannel အင်္ကျီအပွလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ထသွားထလာအတွက်လည်း အဆင်ပြေစေပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

Pants လေးတွေကို ရှပ်အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ထူးခြားပြီး ချစ်စရာကောင်းစေပါတယ်။ လုံလုံခြုံခြုံနဲ့ လွတ်လပ်ပေါ့ပါးမှုလည်း ရှိစေပါတယ်။

ဂျင်းဘောင်းဘီအရှည်အကျပ်လေးတွေကို ရိုးရိုးအဖြူရောင် ရှပ်အင်္ကျီလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ လုံလုံခြုံခြုံနဲ့ လှပနေမှာပါ။

ဂျင်းဘောင်းဘီအရှည်လေးတွေကို အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ကိုရီးယား Floral အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာဟာ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းစေပါတယ်။ လုံခြုံမှုလည်းရှိတဲ့အပြင် ဒီဇိုင်းအမျိုးမျိုးလည်းရှိတော့ ပျိုမေတို့စိတ်ကြိုက် ရွေးချယ်လို့ရတာပေါ့။

လွတ်လပ်ပေါ့ပါးတဲ့အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ထပ်ကုတ်လေးထပ်ဝတ်လို့လည်းရသလို၊ Pants လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ထပ်ကုတ်လေးတွေ ထပ်ဝတ်လို့လည်း ရပါတယ်။ ဒီဖက်ရှင်လေးဆိုရင် မိုးရာသီနဲ့ ဆောင်းရာသီအတွက် လိုက်ဖက်မှုရှိစေတဲ့ ဖက်ရှင်လေးပါ။

Photo Source: www.pinterest.com