အသက် ၂၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေအတွက် အလှအပနဲ့ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေက သင့်ကိုအချိန်တွေအကြာကြီး ငယ်ရွယ်နုပျိုပြီး လှပစေမှာပါ။

မျက်နှှာကို Dry ဖြစ်အောင် မထားပါနဲ့။ ရေများများသောက်ပါ။ Skin အတွက် Hydration ဖြစ်တဲ့ Skincare တွေ များများသုံးပါ။ အသားအရေ Dry ဖြစ်ရင် အိုမင်းရင့်ရော်မှုတွေ ပိုပြီးအဖြစ်မြန်ပါတယ်။

Sunscreen ကို အမြဲတမ်းသေချာလိမ်းပေးပါ။ အပြင်မသွားပဲ အိမ်ထဲမှာပဲနေတယ်ဆိုလည်း အိမ်ထဲကို နေရောင်ခြည်ဝင်တယ်ဆိုရင် လိမ်းပေးရပါမယ်။ နေပူထဲသွားတဲ့အခါ ဘယ်လောက်ပဲ Sunscreen လိမ်းထားတယ်ပြောပြော အကာအကွယ်မပါပဲ မသွားပါနဲ့။

အသက် ၂၅ နှစ်ကျော်ရင် အားကစားလိုက်စားဖို့ မမေ့ပါနဲ့။ အမြဲနုပျိုလန်းဆန်းနေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Cleansing သေချာလုပ်ပါ။ ဘယ်လောက်ပဲအလုပ်များများ၊ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ညမအိပ်ခင်မှာတော့ Cleansing သေချာလုပ်ဖို့ မမေ့ပါနဲ့။

Quality ကောင်းတဲ့ Skincare တွေ၊ ကိုယ်နဲ့ကိုက်ညီမယ့် Skincare တွေကိုပဲ သေချာရွေးသုံးပါ။ စွဲသုံးပါ။ အရင်တုန်းကလို သူများကောင်းတယ်ပြောတိုင်း စုံနေအောင်လိုက်သုံးတာမျိုး မလုပ်ပါနဲ့တော့။

မျက်နှာတင်မကပဲ Body Skin ကိုပါ ဂရုစိုက်ပါ။ Moisturizer အမြဲလိမ်းပါ။ လက်ဖဝါးလေးတွေ မကြမ်းချင်ရင် Hand Cream ကို ညအိပ်ယာဝင်ခါနီးတိုင်း ဂရုတစိုက်လိမ်းပါ။

အရင်က ဆံပင်တွေကို အမျိုးမျိုးလုပ်ထားတယ်ဆိုရင် ကြာလာတာနဲ့အမျှ ဆံပင်တွေက ပိုကျွတ်လာမှာပါ။ ဒါကြောင့် ဆံပင်ကိုလည်း သေချာဂရုစိုက်ပါ။ အိမ်မှာပဲ သေချာပေါင်းတင်တာမျိုးတွေ ပုံမှန်လုပ်ပေးပါ။

ပျော်အောင်နေပါ။ အသက် ၂၅ နှစ်ကျော်လာတာနဲ့ ရင့်ကျက်ရမယ့်အရွယ်လည်း ရောက်ပါပြီ။ ဒါကြောင့် အရင်လိုကလေးမဆန်ပဲ စိတ်ထင်ရာမလုပ်ပဲ ကိုယ့်အတွက်ကို သေချာစဉ်းစားပြီးပဲနေပါ။ ပျော်အောင်နေပါ။ စိတ်ညစ်စရာတွေကို ခေါင်းထဲအကြာကြီးမထားပါနဲ့။

Source: www.brightside.me