လက်သည်းပုံဖော်တဲ့အခါမှာ ပန်းပွင့်ဒီဇိုင်းလေးတွေ ပုံဖော်ရတာကို ကြိုက်တဲ့သူတွေအတွက် ရိုးရှင်းပြီးချစ်ဖို့ကောင်းတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ရှုပ်ထွေးနေတာမျိုးလည်းမဟုတ်ပဲ ဒီဇိုင်းဆန်းပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် မိန်းကလေးတိုင်းကြိုက်မှာ သေချာပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဖြူသန့်ပြီး အရမ်းချစ်စရာကောင်းပါတယ်။ ဒီဇိုင်းဆန်းတဲ့အပြင် အဖြူနဲ့အနီကို တွဲစပ်ပုံဖော်ထားတာကြောင့် ပိုပြီးလိုက်ဖက်သွားတာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ပန်းပွင့်ကိုအကြီးကြီးပုံဖော်ထားတာမဟုတ်လို့ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်ငြိမ်ရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။

ဒီလက်သည်းဒီဇိုင်းဆိုရင် လက်သည်းထိပ်လေးတွေကို ပုံဖော်ဆိုးထားပြီး ပန်းပွင့်သေးသေးလေးတွေ ပုံဖော်ထားတာ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ပန်းပွင့်ဒီဇိုင်းပုံဖော်ချင်တယ်၊ အဝါရောင်လည်းကြိုက်တယ်ဆိုရင်တော့ ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ ပန်းပွင့်ပုံဒီဇိုင်းလေးဖြစ်ပေမယ့် တခြားဒီဇိုင်းတွေလည်းပါတာကြောင့် အမြင်ဆန်းပြီး လူငယ်ဆန်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းကော၊ အရောင်ကော နုဖတ်ပြီး အရမ်းချစ်စရာကောင်းပါတယ်။ မိုးပြာရောင်ကြိုက်ရင် ဒါလေးကိုသာ ပုံဖော်ကြည့်ပါ။

အရောင်စပ်ပြီးဆိုးချင်ရင်ပဲဖြစ်ဖြစ်၊ အိမ်မှာကိုယ်တိုင်ပုံဖော်ချင်ရင်ပဲဖြစ်ဖြစ် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးဖြစ်လို့ လုပ်ရတာအရမ်းလွယ်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် အဖြူနဲ့အနက်ကိုပဲ သုံးထားတာပါ။ ပန်းပွင့်အကြီးကို အပြည့်မဟုတ်ပဲ လက်သည်းထိပ်မှာ တစ်ဝက်ပဲပုံဖော်ထားတာဖြစ်လို့ အမြင်တစ်မျိုးဆန်းပြီး လှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ပုံဖော်ထားတဲ့ဒီဇိုင်းကော၊ အရောင်ကော အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ အရောင်ငြိမ်တာလေးတွေကြိုက်ရင် ဒါမျိုးလေးပုံဖော်ကြည့်ပါ။ လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

အရောင်စုံလေးဆိုးချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com