လက်သည်းနီဆိုးရတာ၊ လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ရှင်းရှင်းလေးနဲ့ လှပသေသပ်တဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဆိုးထားတဲ့အရောင်လေးတွေနဲ့ စပ်ထားတာလေးက ဆန်းသစ်ပြီး ရှင်းရှင်းလေးနဲ့ လှပသေသပ်နေတာပါပဲ။

အရောင်တောက်တောက်လေးတွေ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

စပ်ထားတဲ့အရောင်လေးတွေက ဘိုဆန်ပြီး ငြိမ်ငြိမ်လေးနဲ့လှတာကြောင့် ရှင်းရှင်းလေးပဲ ဆိုးချင်တဲ့အခါ ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်လိုက်နော်။

ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့ လှပသေသပ်နေတာပါပဲ။ ဘယ်တော့မှရိုးမသွားစေတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ရိုးရိုး Gel ကာလာလေးတွေပဲ ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ လူကြီးလူငယ်မရွေးလည်း လိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့ လှပသေသပ်တဲ့အပြင် အရောင်လေးကလည်း အသားဆောင်ပြီး အရမ်းလှပါတယ်။ လူကြီးလူငယ်မရွေးလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါပဲ။

အပြာရင့်ရောင်တွေဆိုးမယ်လို့ စဉ်းစားထားရင်တော့ ဒီလက်သည်းဒီဇိုင်းလေးသာ ပုံဖော်လိုက်ပါ။ အရမ်းလှပါတယ်။ ခြေထောက်မှာပုံဖော်လည်းလှတဲ့ ဒီဇိုင်းမျိုးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ လှပသေသပ်တဲ့ ပုံစံလေးပါ။ ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

အကွက်ဒီဇိုင်းလေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ပါ။ လှပပြီး ချစ်ဖို့ကောင်းသလို အမြင်လည်းဆန်းစေပါတယ်။

ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကလည်း လှပသေသပ်နေတာပါပဲ။ လက်သည်းအတိုအရှည် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။