သူငယ်ချင်းတွေနဲ့ ခင်မင်နေတဲ့အချိန်မှာတော့ ဘယ်မုန်တိုင်းမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေတတ်ပါတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့် မဆုံဖြစ်တော့တဲ့အချိန်မှာတော့ သင်တို့ရဲ့သူငယ်ချင်းသံယောဇဉ်က ခမ်းခြောက်လာတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အရင်လိုမခင်တော့တာက ဝမ်းနည်းဖို့ ကောင်းပါတယ်။ သင်က သူငယ်ချင်းတွေနဲ့ ဝေးကွာလာကြောင်း အောက်ပါအချက်တွေအရ သိနိုင်ပါတယ်။

၁။ အတူတူ အချိန်မဖြုန်းဖြစ်ကြတော့ဘူး

သင့်သူငယ်ချင်းတွေနဲ့ စာပို့တာ၊ ဖုန်းပြောတာ၊ တွေ့ဖြစ်တဲ့ အချိန်တွေက တဖြည်းဖြည်း နည်းလာပါတယ်။ သူတို့ရဲ့မျက်နှာက ဘယ်လိုပုံစံမှန်းမသိတော့တဲ့ အခြေအနေအထိ ရောက်လာပါတယ်။ အရင်လိုလည်း ခင်ခင်မင်မင်စကားမပြောဖြစ်ကြတော့ပါဘူး။

၂။ သူတို့ကို အရင်လို သိပ်မခေါ်ဖြစ်တော့ဘူး

Facebook မှာ Love React ပေးရုံ၊ Myday မှာ React ပေးရုံနဲ့ Friendship လို့ မခေါ်နိုင်ပါဘူး။ သင်က သူငယ်ချင်းနဲ့စကားပြောတာ ဘယ်နေ့နောက်ဆုံးပြောမှန်း မသိရင်တော့ သင့်သူငယ်ချင်းနဲ့ သင် ဝေးကွာလာပါပြီ။

၃။ ချိန်းတာ ခဏခဏပျက်တယ်

သင့်သူငယ်ချင်းတွေထဲက တစ်ယောက်က တွေ့ဖို့ရက်နီးမှ အကြောင်းပြပြီး ဖျက်တတ်ရင် ဒါက ဝေးကွာခြင်းသင်္ကေတပါပဲ။ ဘာလုပ်ကြမယ်လို့ တိုင်ပင်ပြီးမှ တကယ်မလုပ်ဖြစ်တာကလည်း ဝေးကွာလာခြင်းပါပဲ။

၄။ စိတ်ပျက်လာတယ်

ခင်မင်ရင်းနှီးမှုတစ်ခုမှာ အကောင်းမြင်စိတ်က လေးပုံပုံရင် သုံးပုံလော​က် မဖြစ်မနေ ရှိရပါမယ်။ သင်ကသူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး စိတ်ဆိုးတာ၊ အဆိုးမြင်စိတ် များလာတာတွေဟာ သင့်သူငယ်ချင်းနဲ့ သင် ဝေးလာတာပါပဲ။

၅။ အရင်လို ရင်မဖွင့်ဖြစ်တော့ဘူး

သင်က သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အချိန် ကိုယ့်ပြဿနာတွေကို အရင်လို မပြောပြတတ်တော့ပါဘူး။ ဘာလုပ်နေလဲ၊ နေကောင်းလားလောက်ပဲ ပြောဖြစ်ရင် ဒါက သင်သူနဲ့ သိပ်မခင်တော့တာပါ။

၆။ အကြိုက်တူတာတွေမရှိတော့ဘူး

အရင်ကဆို သင်နဲ့ သူငယ်ချင်းတွေက အကြောင်းအရာတစ်ခုကို သုံးလေးနာရီ ပေါက်ပေါက်ဖောက် ပြောတတ်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သင်တို့ က တစ်ခွန်းပြောပြီး စကားဆက်စရာမရှိတော့ရင် ဒါက သင်နဲ့သူတို့ ဝေးလာတာပါ။

၇။ စိတ်ချင်းမဆက်တော့ဘူး

သင်က သူ့အကြောင်း သိပ်မသိတော့ပါဘူး။ သူ့အကြောင်း သိအောင်လည်း လုပ်ချင်စိတ်မရှိတော့ပါဘူး။

၈။ သူတို့ အောင်မြင်ရင် မပျော်ပေးနိုင်တော့ပါဘူး

သူငယ်ချင်းတွေကြား တစ်ယောက်အတွက် တစ်ယောက်ဂုဏ်ယူတတ်ကြပါတယ်။ သင်က သူ့အောင်မြင်မှုအတွက်မပျော်ဘဲ စိတ်ထဲ မကျေမနပ်ဖြစ်နေရင်တော့ ဒါက ဝေးကွာလာတာပါပဲ။

၉။ သူငယ်ချင်းတွေရဲ့ စကားကို အထအန ကောက်တတ်လာတယ်

သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး ပြန်လာတဲ့အခါ သင်က သူတို့ပြောခဲ့တဲ့ စကားတွေအတွက် စိတ်ဆိုးနေတတ်ပါတယ်။ စနောက်တဲ့ စကားတွေကိုပါ အထအနကောက်နေရင်တော့ သင်သူနဲ့ မခင်တော့ပါဘူး။

၁၀။ သင့်ဘဝက ပိုအရေးကြီးလာတယ်

သင့်မိသားစု၊ သင့်ဘဝအတွက်ပဲ အချိန်ပေးဖြစ်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ နောက်ဆုတ်နေတတ်ရင်တော့ ဒါကဝေးကွာနေတာ သေချာနေပါပြီ။

သင်ကော လက်ရှိသူငယ်ချင်းတွေနဲ့ ဝေးကွာပြီး အချိန်အများစုကို တစ်ယောက်တည်း ဖြတ်သန်းနေတာလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar