အချစ်ဆိုတာ လူတိုင်း ကြုံတွေ့နေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူညီကြပါဘူး။ လက်ထပ်လိုက်လို့ အတူနေတဲ့အခါ အရင်လိုမချစ်တော့ဘူး။ အချစ်လျော့တယ်လို့ ခံစားနေရတယ်ဆိုရင်။ အခုအောက်မှာဖော်ပြမယ့် အကျင့်စရိုက်တွေ လက္ခဏာရပ်တွေ ကိုကြည့်ခြင်းအားဖြင့် သင့်ချစ်ဇနီး သင့်အပေါ် တကယ်ချစ်မချစ် ဆိုတာကို သိနိုင်ပါတယ်။

၁။ သင့်မိဘတွေကို လေးစားမယ်

သင့်ကို တကယ်ချစ်တဲ့သူဟာ သင့်မိဘတွေအပေါ် လေးလေးစားစား ဆက်ဆံမှာသေချာပါတယ်။ သင့်မိဘတွေ အကူအညီလိုအပ်လာတဲ့အခါမှာလည်း သူတို့က ကူညီပေးဖို့ အဆင်သင့်ရှိနေကြသူတွေပါ။

၂။ သင့်အပြုအမူတွေအတွက် မရှက်ဘူး

တခါတလေ သင်ပြုလုပ်လိုက်တဲ့အမူအရာတွေကြောင့် သင့်ကို တကယ်ချစ်တဲ့သူတွေဟာ မရှက်ကြပါဘူး။ သင်ဟာသတွေလုပ်နေတယ် ကိုးယို့ကားယားတွေလုပ်နေရင်တောင် သင့်အပေါ် မရှက်ပါဘူး။

၃။ သင့်အခက်အခဲတွေကို စာနာနားလည်ပေးတယ်

သင့်အလုပ်မှာ အဆင်မပြေတာတွေကို ရင်ဖွင့်တဲ့အခါ သင့်ကို သူတို့ အပြည့်အ၀ နားလည်ပေးမှာပါ။ ဒေါသနဲ့ တုံ့ပြန်မှာမဟုတ်ပါဘူး။

၄။ သင့်ထင်မြင်ယူဆချက်တွေကို လေးစားတယ်

လူတစ်ယောက်နဲ့တစ်ယောက် ထင်မြင်ယူဆချက်တွေ မတူညီနိုင်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူတွေဟာ သူတို့နဲ့ သင့်ထင်မြင်ယူဆချက်တွေ မတူညီရင်တောင် သင့်ထင်မြင်ယူဆချက်ကို အမြဲလေးစားလေ့ရှိပါတယ်။

၅။ သင့်မကောင်းကြောင်းကို ပြောမှာမဟုတ်ပါဘူး

လူတိုင်းမှာ အားသာချက် အားနည်းချက်ရှိသလို၊ ကောင်းတဲ့အချက် မကောင်းတဲ့အချက်တွေရှိပါတယ်။ သင့်ကို တကယ်ချစ်တဲ့သူတွေဟာ သင့်မကောင်းကြောင်း အတင်းအဖျင်းကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။

၆။ လူအများရှေ့မှာ သင့်ကို စိတ်ဆိုးဒေါသထွက်မှာမဟုတ်ဘူး

သင့်ကို တကယ်ချစ်တဲ့သူဟာ လူကြားသူကြားထဲမှာ သင့်ကို စိတ်ဆိုးဒေါသထွက်စရာပြောမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်ကိုလည်း အပြစ်တင်မှာ မဟုတ်ပါဘူး။

၇။ သင့်ကျန်းမာရေးကိုဂရုစိုက်တယ်

သင်စားမယ့်အစားအသောက်တွေ၊ သင့်ကျန်းမာရေးနဲ့ပတ်သတ်လို့ သူဟာ အမြဲတမ်းဂရုစိုက်နေမှာပါ။ သူအလုပ်မအားရင်တောင် သင့်နဲ့အတူ ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်ပေးမှာဖြစ်ပါတယ်။

၈။ သင်ဟာသပြောတဲ့အခါမှာ လိုက်ရယ်ပေးမယ်

သင်ဟာသပြောတဲ့အခါ ဒါကရယ်စရာကောင်းလို့လားဆိုပြီး တုံ့ပြန်တာမျိုးမဟုတ်ဘဲ သင်ပြောတဲ့ဟာသကို လှိုက်လှိုက်လှဲလှဲ လိုက်ရယ်ပေးမှာပါ။

၉။ သင့်ကို အပြည့်အဝယုံကြည်လိမ့်မယ်

အောက်မှာ ပြထားတဲ့ပုံမှာဆိုရင် ဇနီးက ကြည့်ပါဦး။ တကယ်အောင်မြင်နေတဲ့သူတွေများ ကားအကောင်းစားတွေနဲ့လို့ ပြောထားပြီး နောက်တစ်ခု မှာတော့ ရှင့်မှာ အောင်မြင်မှုတွေ အများကြီးရှိနေပြီပဲ။ နောက် ၂ နှစ်လောက်ဆိုရင် ကားလန်းလန်းလေးတစ်စီး တော့ အေးဆေး ဝယ်နိုင်တယ် ဆိုပြီး ပြောထားပါတယ်။ ဒီလိုပါပဲ သင့်ကို တကယ်ချစ်တဲ့ ချစ်ဇနီးလောင်းလေးဟာ သင့်အပေါ် အပြည့်အ၀ ယုံကြည်နေမှာပါ။

၁၀။ သင့်ကို ငွေကြေးအတွက် တွန်းအားပေးမှာမဟုတ်ပါဘူး

သင့်ကို ငွေရှာဖို့ တစ်ခုတည်းနဲ့ တွန်းအားပေးမှာမဟုတ်ဘဲ သင့်ဝါသနာတွေကို မြေတောင်မြောက်ပေးမှာဖြစ်ပါတယ်။ ဒီအောက်ကပုံမှာဆိုရင်လည်း ကားဆေးဖို့လူလိုနေတယ်တဲ့။ သွားလုပ်မယ်ဆိုရင်အပိုဝင်ငွေလေးရတာပေါ့ လို့ ပြောထားပြီး နောက်တစ်ပုံမှာတော့ ဒီမှာ အခမဲ့ သင်တန်းတစ်ခု ရှိတယ်တဲ့။ ရှင်တက်ချင်နေတဲ့သင်တန်းပဲ။ သွားတက်လေလို့ ပြောထားတာပါ။

သင့်မှာ အခုလို သိပ်ကို ချစ်စရာကောင်းတဲ့ ဇနီးလောင်းလေးရှိနေရင်အခုပဲ Mention ခေါ်ပြီး သိပ်ချစ်တဲ့အကြောင်း ပြောလိုက်ပါဦးနော်။