အမျိုးသမီးတိုင်း လုပ်သင့်တဲ့ Self-Care နည်းလမ်းတွေ ရှိပါတယ်။ Self-Care ဆိုတဲ့ စကားက ပျိုမေတို့ကြား Trend စကားလုံး တစ်ခု ဖြစ်နေသလို ကိုယ့်ကိုယ်ကိုယ် ချစ်လာဖို့လည်း Self-Care ကို မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတော့ Self-Care မှာမှ အမျိုးသမီးတိုင်း လုပ်သင့်တဲ့ အရာတွေကို ဖော်ပြပါရစေ။

၁။ အိပ်ချိန်လုံလောက်အောင်ထားပါ

သင်က တစ်နေ့လုံး တက်တက်ကြွကြွ အလုပ်နိုင်ချင်ရင် အိပ်ချိန်ကို လုံလုံလောက်လောက် ထားရပါမယ်။ အိပ်ချိန်လောက်မှ သင့်စိတ်က ကြည်လင်နိုင်မှာဖြစ်ပြီး အမျိုးသမီးတိုင်း အိပ်ချိန်ကို တန်ဖိုးထားသင့်ပါတယ်။

၂။ ကိုယ်ပိုင်အချိန်ထားပါ

သင်နှစ်သက်တာတွေကို လုပ်နိုင်ဖို့အချိန်ပေးခြင်းက Self-care လုပ်ခြင်းပါပဲ။ သင့်ဖုန်းကို အဝေးမှာ ထားပြီး ကိုယ်လုပ်ချင်တာတွေ လုပ်ကာ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးသင့်ပါတယ်။

၃။ ဖုန်းကို Airplane Mode ထားပါ

ဖုန်းလက်ခံ ပြောရတာတွေ၊ စာရိုက်ပို့ရတာတွေကို ခဏ နားပြီး Airplane Mode ထားကြည့်သင့်ပါတယ်။ ဒီလို Airplane Mode ထားလိုက်တဲ့အခါ Phone Battery ကုန်တာ သက်သာတဲ့အပြင် သင့်ကိုယ်သင် အနားပေးရာ ရောက်ပါတယ်။

၄။ သင့်ကိုယ်သင် သင့်သူငယ်ချင်းတစ်ဦးလို ဆက်ဆံပါ

ပျိုမေအများစုဟာ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေကို အကောင်းဆုံး ဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယ်တော့ အဆိုးဆုံး ဖိနှိပ်ထားလေ့ရှိပါတယ်။ တပါးသူကို ကောင်းမွန်တဲ့ စကားတွေ ပြောနေပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အဆိုးဘက်သွားတဲ့ စကားတွေ ပြောလေ့ရှိကြပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်သင် သင့်သူငယ်ချင်းကို ဆက်ဆံသလို ပြုမူသင့်ပါတယ်။

၅။ အကောင်းမြင်စိတ်ရှိသူတွေကို သင့်ဘဝထဲ ဖိတ်ခေါ်ပါ

ဒါက ပြောရတာ လွယ်ပေမယ့် တကယ်လုပ်ရင် ခက်ခဲလေ့ရှိပါတယ်။ ကိုယ့်ကို အကောင်းမြင်စိတ်များစေမယ့်၊ စိတ်အားထက်သန်မှုရှိဖို့ ပံ့ပိုးပေးမယ့် သူတွေနဲ့ ဝန်းရံထားသင့်ပါတယ်။

၆။ အဆိပ်အတောက်ရှိတဲ့ သူတွေကြောင့် နာကျင်ရတဲ့ သင့်ကိုယ်သင် ခွင့်လွှတ်ပါ

သင့်ကို နာကျင်စေသူက သင်ခင်ရတဲ့သူဖြစ်ရင် ဒါက ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ သင့်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပြီး သင့်အပေါ် မကောင်းတဲ့သူတွေကို စွန့်လွှတ်ရခြင်းက သင့်အမှားမဟုတ်သလို ဒါအတွက် နာကျင်ရတဲ့ သင့်ကိုယ်သင်လည်း ခွင့်လွှတ်သင့်ပါတယ်။

၇။ တခြားသူတွေကို စိတ်ရင်းမှန်နဲ့ ချီးကျူးပါ

သူစိမ်းတစ်ယောက်က သင့်ကို ချီးကျူးရင် သင်ပျော်သွားနိုင်ပါတယ်။ သင်က တခြားသူကို ချီးကျူးမယ်ဆိုရင် ဒီသဘောမျိုးပဲ သူလည်း ပျော်ရွှင်နိုင်ပါတယ်။ ပျော်ရွှင်သွားတဲ့သူကို ကြည့်ပြီး သင်ပါ အကောင်းမြင်စိတ်တွေ ပိုတိုးလာနိုင်ပါတယ်။

၈။ တစ်ယောက်တည်းမနေပါနဲ့

ဒါက Introvert တစ်ယောက်အတွက် ခက်ခဲနိုင်ပေမယ့် သင့်ကိုယ်သင် လူတွေနဲ့ စည်းခြားပြီး မနေသင့်ပါဘူး။ ဒီလိုနေတာက အထီးကျန်ခြင်းဆီ ဦးတည်စေနိုင်ပါတယ်။

၉။ သဘာဝနဲ့ နီးကပ်စွာနေပါ

အပင်ရိပ်တွေ၊ အစိမ်းရောင် သစ်ပင်တွေက သင့်စိတ်ကို ပိုအေးချမ်းစေနိုင်ပါတယ်။

၁၀။ လက်ရှိအချိန်မှာနေထိုင်ပါ

လက်ရှိအချိန်မှာနေတတ်ဖို့ကို Self-Care လုပ်နေတဲ့ ပျိုမေတိုင်း လိုအပ်ပါတယ်။ သင့်အနားမှာ လက်ရှိဘာတွေဖြစ်နေလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar