အားလုံးပဲမင်္ဂလာပါ။ အားကစားလုပ်တာက ခန္ဓာကိုယ်မှာ အဆီရှိသူတွေပဲ လုပ်ရတာမဟုတ်ပါဘူး။ လူတိုင်း အားကစားလုပ်ပေးသင့်ပါတယ်။ ချွေးပုံမှန်လေးထွက်ပြီး လှုပ်လှုပ်ရှားရှားနေပေးမှ လူတစ်ယောက်က ပိုကျန်းမာမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ရလာတဲ့ ပျော်ရွှင်မှုက ဘယ်အရာနဲ့မှ မလဲနိုင်စရာပါပဲ။ သင်က လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတယ်ဆိုရင်တော့ ဒီအရာတွေကို အမှတ်ရနေသင့်ပါတယ်။

၁။ အားကစားလုပ်ပြီးနောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာပါတယ်။

၂။ အားကစားလုပ်ပြီးတာနဲ့ ငါလိုချင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တော့မယ်လို့ မှတ်ပေးပါ။

၃။ စိတ်ပိုင်းဆိုင်ရာ အရင်ကထက် ပိုတက်ကြွလာပြီ။

၄။ အရင်ကထက်ပိုပျော်ရွှင်လာမယ်။

၅။ အားကစားလုပ်ပြီးနောက် အရင်ကထက် ကျန်းမာရေးနဲ့ညီညွတ်တာတွေကို ပိုစားချင်လာတယ်။

၆။ ဒီနေ့လုပ်ပြီးတာနဲ့ နောက်နေ့လုပ်ဖို့ အရင်ကထက် ပိုတက်ကြွလာလိမ့်မယ်။

၇။ အရင်ကထက် ကယ်လိုရီပိုလောင်ကျွမ်းပြီး ပိုကျန်းမာလာမယ်။

၈။ ဟိုးအရင်ကထက် စွမ်းအင်တွေ၊ ခွန်အားတွေပြည့်လာမယ်။

၉။ ဒါငါ့အတွက်ငါလုပ်တာလို့ မှတ်ထားပေးသင့်ပါတယ်။

၁၀။ ပိုကျန်းမာပြီး သူများထက် ပိုလှလာမယ်လို့ မှတ်ယူသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar