Single Ladies တွေအားလုံး ဒီအကြောင်းအရာနဲ့အတူ Single Life ကိုဂုဏ်ပြုလိုက်ရအောင်။ သင်က လက်ရှိ ရည်းစားမရှိတဲ့ Single မိန်းကလေးတစ်ယောက်ဆိုရင် သင့်မှာ တခြားသူတွေနဲ့ မတူတဲ့ ခံယူချက်၊ အရည်အချင်းတွေရှိလို့ပါ။ ဘာတွေလဲကြည့်လိုက်ရအောင်နော်-

၁။ သူတို့က တခြားသူထက် ကိုယ့်တိုးတက်မှု၊ ကိုယ့်ရည်မှန်းချက်ကို ပိုအာရုံစိုက်တတ်ကြပါတယ်။

၂။ ကိုယ့်ဘဝကိုယ် ဆုံးဖြတ်မယ်.. ကိုယ့်ဘဝကိုယ်ပိုင်တယ်ဆိုပြီး ခံယူချက်ရှိသူတွေဖြစ်ပါတယ်။

၃။ အပေါင်းအသင်းနဲ့ နေရတာထက် တစ်ယောက်ထဲ အိမ်မှာ ဖုန်းသုံးလိုက်၊ ကိုယ်လုပ်စရာရှိတာလုပ်လိုက် စတဲ့အရာတွေကို ပိုခုံမင်တတ်ပါတယ်။

၄။ လွတ်လပ်မှုကို ပိုတန်ဖိုးထားသူတွေဖြစ်ပါတယ်။

၅။ Single အမျိုးသမီးအများစုက ကိုယ်လိုချင်တဲ့အရာကို ရအောင် ကြိုးစားတတ်ကြောင်း လေ့လာချက်တွေက ဆိုထားပါတယ်။ “I want it, I get it” မိန်းကလေးမျိုးတွေပါ။

၆။ ပွင့်ပွင့်လင်းလင်းစကားပြောတတ်သူတွေဖြစ်ပါတယ်။

၇။ အသည်းကွဲတဲ့ခံစားချက်တွေကို ခေါင်းထဲ သိပ်မထည့်သူတွေဖြစ်ပါတယ်။

၈။ တစ်ယောက်တည်းနဲ့ ဘဝကို လုံလောက်ကြောင်း လက်ခံထားပြီး တစ်ယောက်တည်း ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။

၉။ ဆုံးဖြတ်ချက် ပြတ်သားကြပါတယ်။

၁၀။ စိုးရိမ်မှုနည်းပြီး အေးအေးဆေးဆေး နေတတ်သူတွေဖြစ်ပါတယ်။

သင်နဲ့ ဘယ်နှစ်ချက် ကိုက်ညီလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar