အပြင်သွားဖို့အတွက် အဝတ်အစားဝတ်ပြီဆိုရင် ဘာဝတ်ရမလဲဆိုတာကို သိရင်တောင်မှ လိုက်ဖက်အောင် ဘယ်လိုအရောင်တွေနဲ့ တွဲဝတ်ရမလဲဆိုတာက စဉ်းစားရပါသေးတယ်။ တချို့အရောင်တွေကတော့ တွဲဝတ်ရတာလွယ်ပေမယ့် တချို့အရောင်တွေကျတော့ တွဲဝတ်ဖို့အရောင်စဉ်းစားရတာ နည်းနည်းခက်ပါတယ်။

ဒါကြောင့် မိန်းကလေးတွေအတွက် အမြဲတမ်းဖက်ရှင်ကျပြီး လှနေစေမယ့် အရောင်တွဲဖက်မှု ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ မြင်နေကျတွဲဖက်နေကျ အရောင်တွေနဲ့မတူပဲ ဖက်ရှင်ကျပြီး လှနေမယ့်အရောင်တွေကို ရွေးချယ်ထားပေးပါတယ်။

အစိမ်းရောင်နဲ့အဝါရောင်

အစိမ်းရောင်နဲ့အဝါရောင်ကို တွဲဖက်ဝတ်ဆင်တာက အမြင်တစ်မျိုးဆန်းပြီး ဖက်ရှင်ကျစေမယ့် အရောင်တွဲဖက်မှုမျိုး ဖြစ်ပါတယ်။

အပြာနုနဲ့ပန်းရောင်

အပြာကိုမှ အပြာနုအရောင်လေးနဲ့ ပန်းရောင်အနုလေးကို တွဲဖက်ဝတ်ဆင်တာက အရမ်း Cute ဖြစ်ပြီး လိုက်ဖက်တဲ့ အရောင်တွဲဖက်မှုမျိုး ဖြစ်ပါတယ်။

အနီရောင်နဲ့အပြာရောင်

အနီရောင်နဲ့အပြာရောင်၊ ဂျင်းအပြာရောင်တို့ကို တွဲဖက်ဝတ်ဆင်တာကလည်း အရမ်းလိုက်ဖက်ပြီး Smart ကျစေမယ့် အရောင်တွဲဖက်မှုမျိုးပါ။

Cobalt Blue နဲ့ စိမ်းပြာရောင်

အပြာအရောင်ထဲမှာမှ Cobalt Blue နဲ့ စိမ်းပြာရောင်ကို တွဲဖက်ဝတ်ဆင်တာမျိုးက အရမ်းဖက်ရှင်ကျပြီး လှပတဲ့ အရောင်တွဲဖက်မှုမျိုးပါ။ မြင်နေကျအရောင်တွဲဖက်မှုတွေနဲ့လည်း မတူပါဘူး။

လိမ္မော်ရောင်နဲ့အပြာရောင်

လိမ္မော်ရောင်နဲ့ အပြာရောင်၊ အပြာအရင့်တွေကို တွဲဖက်ဝတ်ဆင်လိုက်ရင် ဖက်ရှင်ကျပြီး အရမ်းလှပါတယ်။ လင်းသွားစေတဲ့ အရောင်တွဲဖက်မှုမျိုးပါ။

အသားရောင်နဲ့ကြက်သွေးရင့်ရောင်

အသားရောင်နဲ့ ကြက်သွေးရင့်ရောင်ကို တွဲဖက်လိုက်ရင် တည်ငြိမ်ပြီးလှပတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။

လိမ္မော်ရောင်နဲ့အနက်ရောင်

လိမ္မော်ရောင်နဲ့ အနက်ရောင်ကို တွဲဝတ်လိုက်ရင် အရမ်းလှပါတယ်။ ဖက်ရှင်ကျပြီး အရမ်းလည်းမိုက်ပါတယ်။

ပန်းရောင်နဲ့ခဲရောင်

ပန်းနုရောင်လေးကို အပြာနဲ့တွဲဝတ်တာက မြင်နေကျတွဲဖက်မှုမျိုး ဖြစ်နေပြီဆိုရင် ပန်းရောင်နဲ့ ခဲရောင်ကို တွဲဝတ်ကြည့်ပါ။ Cute ဖြစ်ပြီး လိုက်ဖက်ပါတယ်။

ခရမ်းရောင်နဲ့လိမ္မော်ရောင်

ခရမ်းရောင်နဲ့လိမ္မော်ရောင်ကို တွဲဝတ်တာမျိုးက မြင်နေကျအရောင်တွဲဖက်မှုမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့နှစ်ရောင်ကို တွဲဝတ်လိုက်ရင် အရမ်းဖက်ရှင်ကျပါတယ်။

ခရမ်းရောင်နဲ့အဖြူရောင်

အဖြူရောင်ကတော့ ဘာအရောင်နဲ့ပဲဖြစ်ဖြစ် လိုက်ပြီးသားပါ။ ဒါပေမယ့် ခရမ်းရောင်အရင့်တွေ၊ ခရမ်းသီးအရောင်လို အရောင်ပုပ်ပုပ်တွေနဲ့ တွဲဝတ်ရင် ပိုပြီးလှပါတယ်။ ထင်းပြီးလှနေတာမျိုးပါ။