သင်က Twitter သုံးနေကျ သူတစ်ယောက်ဆိုရင်တော့ အခု ဖော်ပြထားတဲ့ နာမည်ကျော်တွေထဲက အနည်းဆုံး တစ်ယောက်လောက်ကိုတော့ Follow လုပ်ပြီးလောက်ပါပြီ။ အခုဖော်ပြထားသူတွေရဲ့ Twitter Account က လူသိများလာတာနဲ့အမျှ တစ်နေ့တခြား Follower ပိုများလာကြပါတယ်။ ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်နော်-
နံပါတ်တစ် – Katy Perry
Follower ပေါင်း 62.9 million ကို ပိုင်ဆိုင်ထားပြီး Katy က ပျော်စရာကောင်းတဲ့ ပုံရိပ်တွေကို ပုံမှန်တင်လေ့ရှိပါတယ်။
နံပါတ် နှစ်- Justin Bieber
Justin က 58.9 million followers ကို ပိုင်ဆိုင်ထားသူပါ။ Justin ရဲ့ Believer တွေက ဘယ်လိုပဲဖြစ်ဖြစ် Justin ကို အချစ်မပြတ်ကြပါဘူး။
နံပါတ် သုံး- BARACK OBAMA
အမေရိကန်ရဲ့ သမ္မတဟောင်း Barack Obama က သူ့ Follower တွေနဲ့ စကားအပြန်အလှန်ပြောဖို့ အချိန်သိပ်မပေးနိုင်ပေမယ့် Follower ပေါင်း 52.6 million ကို ပိုင်ဆိုင်ထားပါတယ်။
နံပါတ်လေး- Taylor Swift
TayTay က 50.1 million Follower ကို ပိုင်ဆိုင်ထားပါတယ်။ Twitter မှာ သူမရဲ့ Acc နာမည် @TaylorSwift13 နဲ့ ရှာနိုင်ပါတယ်။ Taylor က သူမပုံတွေ တင်လေ့ရှိပါတယ်။
နံပါတ် ငါး- YouTube
ဒါက နည်းနည်းတော့ ထူးဆန်းနေပေမယ့် YouTube Platform က Follower ပေါင်း 47.9 million ပိုင်ဆိုင်ထားပါတယ်။ ဒီ YouTube Twitter မှာတော့ ပေါ်ပြူလာ အဖြစ်ဆုံး Video တွေကို Tweet, Re-Tweet လုပ်တတ်ပါတယ်။
နံပါတ် ၆- Lady GaGa
သင်က Lady Gaga ရဲ့ 43.4 million Follower ထဲမှာ ပါဝင်သူ တစ်ဦးလား။ သူမက သူမ Fan တွေနဲ့ အမြဲအဆက်အသွယ် ရအောင် နေတတ်သူပါ။
နံပါတ် ၇- Britney Spears
Britney က Follower ပေါင်း 40.2 million ကို ပိုင်ဆိုင်ထားပါတယ်။ သူမက သူမဘာတွေ လုပ်နေလဲ ဆိုတာကို သူမ Fan တွေ သိအောင် အမြဲ Share ပေးတတ်ပါတယ်။
နံပါတ် ၈- Justin Timberlake
Twitter မှာ @JTimberlake ဆိုတဲ့ နာမည်နဲ့ ရှာနိုင်ပါတယ်။ Justin Timberlake က Follower ပေါင်း 40 million ပိုင်ဆိုင်ထားပါတယ်။
နံပါတ် ၉- Rihanna
မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့ဖူးတဲ့ နာမည်ကျော် အနုပညာရှင် Rihanna က Follower ပေါင်း 38.7 million ကို ပိုင်ဆိုင်ထားပါတယ်။
နံပါတ် ၁၀ – Ellen Degeneres
Ellen Show ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Ellen က Follower ပေါင်း 37.3 million ကိုပိုင်ဆိုင်ထားပါတယ်။ သူမက Show နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သူမရဲ့ Selfie ပုံတွေကို Share လေ့ရှိပါတယ်။
သင် Follow လုပ်ထားတဲ့ နာမည်ကျော် ပါလား။ ပြောပြခဲ့ပါဦး။
Source: Allwomenstalk
By MyStyle Myanmar