K-Dramas ချစ်သူတွေအတွက် လာမယ့်နှစ်သစ်ရဲ့အစ ဇန်နဝါရီလမှာ ထွက်ရှိမယ့် K-Dramas အသစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သမိုင်းကြောင်းဇတ်လမ်းတွေလည်း ပါသလို စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းတွေလည်း ပါပါတယ်။

1. Marry My Husband

Webtoon ကို ပြန်ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းက ကင်ဆာရောဂါနဲ့ အသက်လုနေရတဲ့လူနာအမျိုးသမီးက လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်သွားပြီး ဖောက်ပြန်မယ့်ခင်ပွန်းကို လက်မထပ်ဘဲ အနာဂတ်ကို ပြောင်းလဲဖို့ဆုံးဖြတ်တဲ့ ဇာတ်လမ်းပါ။

2. Love Song for Illusion

ဒီဇာတ်လမ်းကတော့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး ၂ မျိုးတဲ့ အိမ်ရှေ့စံမင်းသား Sajo Hyun အကြောင်းကို ရိုက်ကူးထားတဲ့ သမိုင်းဝင် စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းပါ။

3. Gyeongseong Creature Part 2

ဒီဇာတ်လမ်းကတော့ 1945 ခုနှစ်ဝန်းကျင်လောက်က မကောင်းဆိုးဝါးကို ထိပ်တိုက်ရင်ဆိုင်ပြီး အန္တာရယ်ကနေ လွတ်မြောက်ဖို့ ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း ရိုက်ကူးထားတာပါ။

4. Knight Flower

နေ့ခင်းဘက် အိမ်ကနေ ဘယ်တော့မှ အပြင်မထွက်ပေမယ့် ညဘက်မှာတော့ လူတွေကို ကူညီဖို့ထွက်လာတဲ့ မြင့်မြတ်တဲ့မိသားစုက မုဆိုးမတစ်ဦးအကြောင်း ရိုက်ကူးထားတာပါ။

5. A Shop for Killers

ဒီဇာတ်လမ်းကတော့ အမေဖြစ်သူကိုသတ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ အဖေကြောင့် မိဘမဲ့ဖြစ်သွားရှာတဲ့ မိန်းကလေးအကြောင်းကို ရိုက်ကူးထားတာပါ။

6. The Bequeathed

မိသားစုရဲ့သင်္ချိုင်းမြေကို အမွေဆက်ခံပြီးနောက်ပိုင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်လာတဲ့အကြောင်းကို ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။

7. Captivating The King

ဓားစာခံဖြစ်သွားတဲ့မင်းသားတစ်ပါးဟာ သူစိတ်ဝင်စားတဲ့အမျိုးသမီးကိုတွေ့ပြီး ချစ်မိသွားပေမယ့် သူလျှိုဖြစ်လာပြီး လက်စားချေမယ့်သူမနဲ့ မင်းသားတို့ကြားဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

8. Flex X Cop

ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ အမျိုးသားတစ်ယောက်က အကြမ်းဖက်ရာဇ၀တ်မှုယူနစ်တစ်ခုမှာ စုံထောက်တစ်ယောက်ဖြစ်လာတဲ့အခါ ရာဇ၀တ်သားတွေကိုဖမ်းဖို့ သူ့ရဲ့အဆက်အသွယ်တွေကို သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုတော့ ဇာတ်လမ်းတွဲကိုစောင့်ကြည့်တဲ့အခါ သိနိုင်ပါတယ်။

9. Doctor Slump

a href=”https://mystylemyanmar.com/wp-content/uploads/2023/12/တန.jpg”>

Doctor Slump ဟာ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဆေးကျောင်းသားနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အနိမ့်အမြင့်မျိုးစုံကို ကြုံခဲ့ကျတဲ့သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ပေးရင်း အချစ်ရေးတစ်ခုကို စတင်ခဲ့ပါတယ်။

10. Queen of Divorce

ဒီဇာတ်လမ်းကတော့ ခင်ပွန်းဖြစ်သူဆီက သစ္စာဖောက်ခံရပြီးနောက်ပိုင်း မကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေကို အပြစ်ပေးပြီး အကူအညီလိုအပ်နေတဲ့သူတွေကိုကူညီဖို့ ကွာရှင်းမှုဖြေရှင်းရေးရုံးရဲ့ အကြီးအကဲဖြစ်လာတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။