Christmas ရောက်ခါနီးပြီဆိုတော့ လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီဇိုင်းဆန်းပြီးချစ်ဖို့ကောင်းတဲ့ Christmas လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလို ဒီဇင်ဘာလရောက်မှ Christmas လက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်လို့ရတာမို့ ဒီအချိန်မှာ တခြားလက်သည်းဒီဇိုင်းတွေထက် Christmas လက်သည်းဒီဇိုင်းတွေကိုပဲ ပုံဖော်သင့်ပါတယ်။

Christmas Theme က အနီရောင်လေးဖြစ်တာကြောင့် ဒီလက်သည်းဒီဇိုင်းလေးဆို အရမ်းလှပါတယ်။ Santa Claus လေးလည်းပါတာကြောင့် Christmas အတွက် ပုံဖော်လို့အကောင်းဆုံး လက်သည်းဒီဇိုင်းလေးပါပဲ။

Santa Claus ပုံမဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ အနီနဲ့အဖြူနဲ့ကို အဓိကထားပြီး ပုံဖော်ထားတာဖြစ်လို့ ပိုပေါ်လွင်စေပါတယ်။

ရိုးရိုးလေးနဲ့ဒီဇိုင်းဆန်းတာမျိုး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အဖြူခံပေါ်မှာ ကျောက်လေးတွေကပ်ပြီး Christmas Theme ကို ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။

Christmas လက်သည်းဒီဇိုင်းပုံဖော်ရင် Santa Claus ပုံတွေ၊ Christmas Tree ပုံတွေ ပုံဖော်နေရတာမို့ တခြားဆန်းသစ်တာလေး လုပ်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။ အရောင်နဲ့ ဒီဇိုင်းကအစ အရမ်းဆန်းပြီးလှပါတယ်။

Christmas လက်သည်းဒီဇိုင်းပုံဖော်ချင်ပေမယ့် အနီရောင်မကြိုက်ဘူးဆိုတဲ့သူတွေအတွက် ဒီ Christmas လက်သည်းဒီဇိုင်းလေးက အဆင်ပြေမှာပါ။ အရောင်နဲ့ဒီဇိုင်းက အရမ်းဆန်းပြီးလှပါတယ်။ မြင်ဖူးနေကျပုံစံတွေနဲ့မတူပဲ ကွဲထွက်နေတာမျိုးပါ။

Christmas လက်သည်းဒီဇိုင်းကို အရောင်နုနုလေးနဲ့ ပုံဖော်ချင်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုလည်း ပုံဖော်လို့ရပါတယ်။ ချစ်ဖို့ကောင်းပြီး ဒီဇိုင်းဆန်းတာကြောင့် သဘောကျမယ်လို့ထင်ပါတယ်။

ဒီ Christmas လက်သည်းဒီဇိုင်းမှာ သုံးထားတဲ့အရောင်က မြင်နေကျမဟုတ်တော့ တစ်မျိုးဆန်းပြီး အရမ်းလှပါတယ်။ ဘိုဆန်တဲ့ပုံစံလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အနီရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်တို့ကို အဓိကထားပြီး ကြယ်ပုံလေး ပုံဖော်ထားတာ အရမ်းလှပါတယ်။ ဒီဇိုင်းဆန်းတဲ့ Christmas Theme လက်သည်းဒီဇိုင်းလေးပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် Christmas လက်သည်းဒီဇိုင်းဖြစ်တဲ့အပြင် သုံးထားတဲ့အရောင်ကြောင့် Winter Vibes လေးလည်း ရစေပါတယ်။

လက်သည်းကို ဒီဇိုင်းအစုံပုံဖော်ချင်ရင်တော့ ဒီ Christmas လက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။

Photo source:www.pinterest.com