လက်သည်းကို လေးထောင့် Square Shape ထားတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Cute type လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးတွေကိုသာ ပုံဖော်ကြည့်လိုက်တော့နော်။

Mickey Mouse ချစ်တဲ့ကောင်မလေးတွေ ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ပန်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီး အနုအရွလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။

Lucky ဖြစ်တဲ့ လက်သည်းဒီဇိုင်းမျိုး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်နော်။ လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ နောက်ထပ် လက်သည်းဒီဇိုင်းအဆန်းလေးပါ။ ခရုပုံလေးတွေကို ပုံဖော်ထားတာက အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ဒီဇိုင်းနဲ့အရောင်တွေနဲ့က အရမ်းကိုလိုက်ဖက်မှုရှိပြီး ငြိမ်ငြိမ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ပျားလေးတွေချစ်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်လိုက်ပါ။ လက်သည်းအပြည့်ပုံဖော်ထားတဲ့ ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

အသီးပုံလေးတွေ ပုံဖော်ကြတာမျိုးက ရှားပါတယ်။ ဒါကြောင့် သူများနဲ့မတူတဲ့ ဒီဇိုင်းမျိုးကို ပုံဖော်ချင်တာဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ဒီဇိုင်းဆန်းပြီး ချစ်ဖို့လည်းကောင်းပါတယ်။ အဖြူရောင်လေးဆိုတော့ ထင်းနေတာပါပဲ။

လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီးပေါ်လွင်နေမှာနော်။

ပန်းပွင့်ဒီဇိုင်းကြိုက်တဲ့သူတွေအတွက် နောက်ထပ် ချစ်ဖို့ကောင်းပြီး ဒီဇိုင်းလည်းဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပန်းပွင့်လေးတွေကို ဘောင်ပုံစံလေးပုံဖော်ထားတာက အသက်ပါပဲ။

ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးကိုလည်း Square Shape ထားတဲ့အခါမှာ ပုံဖော်ကြည့်နော်။