လက်သည်းပုံဖော်မယ့်သူတွေထဲမှာမှ လူငယ်ကောင်မလေးတွေအတွက် ဆန်းသစ်လှပတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်နေကျသူဆိုရင် ဒီဇိုင်းတွေစဉ်းစားရခက်လာမှာပါ။ ဒါကြောင့် လက်သည်းပုံဖော်ဖို့ ခေါင်းခြောက်ခံပြီး ဒီဇိုင်းစဉ်းစားနေစရာမလိုအောင် ဒီလက်သည်းဒီဇိုင်းလေးတွေထဲကသာ ရွေးချယ်လိုက်တော့နော်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ကို အမြင်ဆန်းတာပါ။ ဒီလိုဒီဇိုင်းမျိုး ပုံဖော်တာရှားတာမို့ အစိမ်းရောင်ကြိုက်တယ်ဆိုရင် ပုံဖော်ကြည့်သင့်ပါတယ်။ လက်သည်းနီအရောင်တွေရှိတယ်၊ လက်လည်းငြိမ်တယ်ဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရပါတယ်။

ရှင်းရှင်းလေးနဲ့ အမြင်ဆန်းတဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။ လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

စတော်ဘယ်ရီကြိုက်တဲ့ ကောင်မလေးတွေအတွက် မြင်နေကျ စတော်ဘယ်ရီသီးဒီဇိုင်းတွေနဲ့ မတူပဲ အရွက်လေးတွေကိုပါ ပုံဖော်ထားတာမို့ ဆန်းသစ်ပြီးပိုလှပါတယ်။

ပန်းပုံစံဒီဇိုင်းတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အရမ်းလှပါတယ်။

မြင်နေကျဒီဇိုင်းတွေနဲ့ လုံးဝမတူပဲ ကွဲထွက်ပြီး လှနေစေမယ့် ဒီဇိုင်းအဆန်းလေးပါ။ ကိုယ်ကြိုက်တဲ့အရောင်ကိုဆိုးပြီး ပုံဖော်နိုင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင်လည်း ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး လှပါတယ်။ အိမ်မှာတောင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းပါပဲ။

အသည်းပုံဒီဇိုင်းကိုမှ အထဲမှာစာသားလေးတွေပါ ရေးထားတာဖြစ်တဲ့အတွက် ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

အဝါရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ဒီဇိုင်းလေးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ အိမ်မှာတောင် အလွယ်တကူပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးပါ။

ရှင်းရှင်းလေးပေမယ့် ဆန်းပြီးလှတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ 2024 မှာတော့ ဒီလက်သည်းဒီဇိုင်းလေးကလည်း ပိုခေတ်စားလာအုံးမှာပါ။

မြင်နေကျလက်သည်းဒီဇိုင်းတွေနဲ့မတူပဲ လှပဆန်းသစ်တဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။ အစိမ်းနဲ့ရွှေရောင်ကို စပ်ထားတာဆိုတော့ အသားဆောင်ပြီး အရမ်းလှပါတယ်။