လက်သည်းအရှည်ကို Almond Shape ထားတဲ့ မိန်းကလေးတွေအတွက် ဆန်းသစ်လှပတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းအရှည်ထားပေမယ့် အရမ်းလည်းမရှည်ဘူးဆိုရင် ဒီလက်သည်းဒီဇိုင်းတွေကို ပုံဖော်ကြည့်ပါ။ လက်သည်းအမြဲပုံဖော်နေကျမို့ ဒီဇိုင်းမစဉ်းစားတတ်တော့တဲ့ သူတွေအတွက်လည်း မြင်နေကျနဲ့မတူပဲ ဆန်းသစ်ပြီးလှပတဲ့ လက်သည်းဒီဇိုင်းလေးတွေ ဖြစ်နေပါလိမ့်မယ်။

ဒီဇိုင်းနဲ့အရောင်နဲ့က မျက်စိအေးပြီး ရှင်းရှင်းလေးနဲ့ လှနေမယ့် ဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

မြင်နေကျပုံစံနဲ့မတူတဲ့ အမြင်ဆန်းပြီးလှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒါကတော့ လူငယ်ကောင်မလေးတွေ ပိုကြိုက်မှာပါ။

သစ်သီးပုံလေးတွေ ဒီဇိုင်းဆွဲပုံဖော်တာမျိုးလုပ်ရတာ ရိုးလာပြီဆိုရင် ဒီလိုလေးကပ်ကြည့်နော်။ ဆန်းသစ်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လိပ်ပြာတောင်ပံပုံစံလေးကို ပုံဖော်ထားတဲ့ဒီဇိုင်းလေးပါ။ လက်သည်းအပြည့်ပုံဖော်ထားတာကြောင့် မြင်နေကျနဲ့မတူပဲ ဆန်းသစ်ပြီး လှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုလည်း အမြင်ဆန်းပြီးလှပါတယ်။ မြင်နေကျနဲ့လုံးဝမတူပဲ ကွဲထွက်နေမယ့် ဒီဇိုင်းလေးပါ။

ဆိုးထားတဲ့အရောင်လေးက စိုပြီးထင်းနေလို့ အရမ်းလှတဲ့အပြင် ချယ်ရီသီးလေးတွေကို ပုံဖော်ထားတာကလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Cat Eyes လက်သည်းဒီဇိုင်းကိုမှ မြင်နေကျပုံစံဒီဇိုင်းတွေနဲ့မတူအောင် ပုံဖော်ထားတဲ့ ဒီဇိုင်းဆန်းလေးပါ။ လှလည်းလှတာကြောင့် တစ်ခါလောက်တော့ ပုံဖော်ကြည့်နော်။

ရွှေရောင်ကိုဆိုးထားတာက အရမ်းလှတဲ့အပြင် အသည်းပုံဒီဇိုင်းကို တစ်ခြမ်းစီပုံဖော်ထားတာလေးကလည်း အမြင်ဆန်းပြီးလှပါတယ်။ ရှင်းရှင်းလေးနဲ့ ဆန်းသစ်ပြီးလှတဲ့ ဒီဇိုင်းလေးပါပဲ။

ဖဲပြားပုံလေးတွေ ပုံဖော်တာက ခေတ်စားနေတာဆိုတော့ ဆန်းသစ်သွားအောင် ဒီလိုလေးပုံဖော်ကြည့်နော်။

Matte Type ဆိုးထားတဲ့အရောင်က ဆန်းပြီးမိုက်ပါတယ်။ ဒီဇိုင်းကတော့ အသည်းပုံလေးတွေ ပုံဖော်ထားတာဆိုတော့ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် ဆိုးထားတဲ့လက်သည်းနီအရောင်ကြောင့် အမြင်ဆန်းပြီး ပိုလှသွားစေပါတယ်။