အနက်ရောင်ကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းဒီဇိုင်းပုံဖော်တဲ့အခါမှာ ဒီဇိုင်းစဉ်းစားနေစရာမလိုအောင် လှပတဲ့ ဒီလက်သည်းဒီဇိုင်းလေးတွေထဲကသာ ပုံဖော်လိုက်တော့နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး လှလည်းလှပါတယ်။ လေးထောင့်ဒီဇိုင်း လက်သည်းလေးတွေနဲ့ဆို ပိုလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားစေပါဘူး။ လက်သည်းအတိုအရှည် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ရှင်းရှင်းလေးပေမယ့် လှပါတယ်။

ဒီလက်သည်းဒီဇိုင်းက လက်သည်းအချွန်တွေနဲ့ ပိုလိုက်ပါတယ်။ Matte Type ဆိုးရင် ဒီလိုလေးပုံဖော်ကြည့်နော်။

လက်သည်းနီအနက်ရောင်ကို Matte Type ဆိုးရင် ပုံဖော်ဖို့အတွက် နောက်ထပ်လှပတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။

ပွဲတက်အတွက် အဆင်ပြေတဲ့ အရမ်းလှတဲ့ အနက်ရောင်လက်သည်းဒီဇိုင်းလေးပါ။

မိန်းကလေးဆန်ဆန် ဖဲပြားလေးတွေတပ်ရတာမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အနက်ရောင်ဆိုတော့ ထင်းပြီး ပိုတောင်လှပါသေးတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ရှင်းရှင်းလေးနဲ့လှတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ အနက်နဲ့ငွေဖြူနဲ့ကို စပ်ဆိုးထားတာဖြစ်လို့ အရမ်းလိုက်ဖက်ပြီးလှပါတယ်။

ဒါကတော့ အသားဆောင်ပြီးလှသလို ဘယ်တော့မှလည်းရိုးမသွားစေမယ့် လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

အခုခေတ်စားနေတဲ့ Ribbon လက်သည်းဒီဇိုင်းကိုမှ ရှင်းရှင်းလေးဖြစ်အောင် ပုံဖော်ထားတာပါ။ အနက်ရောင်နဲ့ပုံဖော်ထားတာဆိုတော့ ထင်းပြီးလှသလို အမြင်လည်းဆန်းစေပါတယ်။

ဖဲပြားတပ်ရတာမျိုးကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကလည်း လှပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းမျိုး ပုံဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။