Square Shape လက်သည်းကိုမှ လက်သည်းအရှည်မထားဖြစ်ပဲ လက်သည်းအတိုလေးပဲ ထားလေ့ရှိတဲ့သူတွေအတွက် လှပတဲ့၊ ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

၂၀၂၄ မှာ ခေတ်စားတာကတော့ ဖဲပြားပုံစံလေးတွေပါပဲ။ ဒါကတော့ Square Shape ထားတဲ့ လက်သည်းအတိုလေးတွေအတွက် ချစ်စရာကောင်းတဲ့ ဖဲပြားလက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လှပြီး ပွဲတက်အတွက်လည်း အဆင်ပြေတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အပြာရောင်ကြိုက်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

Square Shape ထားတဲ့ လက်သည်းအတိုလေးတွေအတွက် ချစ်ဖို့ကောင်းပြီး လှလည်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီလက်သည်းဒီဇိုင်းလေးက ဘယ်လိုအရောင်မျိုးနဲ့မဆို လိုက်ဖက်တယ်နော်။

Square Shape ထားတဲ့ လက်သည်းအတိုလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးနဲ့ အရောင်လေးပါ။ Square Shape ကိုမှ လက်သည်းအရှည်ထားလည်း လိုက်ပါတယ်။

အနီရောင်ဆိုးမယ်ဆိုရင်တော့ Square Shape ထားတဲ့ လက်သည်းအတိုလေးတွေအတွက်က ဒီလက်သည်းဒီဇိုင်းလေး လှပါတယ်။

အရောင်နဲ့ဒီဇိုင်းက ဆန်းပြီးလှတဲ့အပြင် အသားလည်းဆောင်ပါတယ်။ လက်သည်းအတိုလေးတွေက Square Shape ထားတယ်ဆိုရင် ပုံဖော်ကြည့်နော်။

Square Shape လက်သည်းအတိုလေးတွေအတွက် အရမ်းလှတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ လှပပြီး ဒီဇိုင်းဆန်းတာလေး ပုံဖော်ချင်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် အလွယ်တကူ ပုံဖော်လို့ရပါသေးတယ်။ ဒီလက်သည်းဒီဇိုင်းပုံဖော်မယ်ဆိုရင်တော့ အနက်ရောင်၊ နက်ပြာရောင်တွေဆိုးတာက ပိုလှပါတယ်။

Square Shape ထားတဲ့ လက်သည်းအတိုလေးတွေပုံဖော်ဖို့အတွက် နောက်ထပ် လက်သည်းဒီဇိုင်းအဆန်းလေးပါ။