ဆိုးလိုက်ရင် အရမ်းအသားဆောင်ပြီး မိန်းကလေးတိုင်းနဲ့လည်းလိုက်ဖက်တဲ့ လက်သည်းနီဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းလှတာပါ။ အရောင်ကအစ အသားဆောင်ပြီး လက်ကိုပိုဖြူသွားစေမယ့် အရောင်မျိုးဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး အားလုံးနဲ့လည်း လိုက်ဖက်ပါသေးတယ်။

ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးကျတော့ ကိုရီးယားဆန်ပြီး အရမ်းလှပါတယ်။ ဒီဇိုင်းလည်းဆန်းတာကြောင့် ပုံဖော်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း အရမ်းလှပါတယ်။ ချောကလက်ရောင်အညိုလေးနဲ့ အနက်ရောင်နဲ့ကို စပ်ပြီးပုံဖော်ထားတာကြောင့် ပိုပြီးအသားဆောင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။ အရောင်လေးတွေကလည်း အကုန်အသားဆောင်တဲ့ အရောင်တွေချည်းပါပဲ။

ကြက်သွေးရောင်လေးကို တခြားအသားဆောင်တဲ့အရောင်လေးနဲ့ တွဲဆိုးပြီး ပုံဖော်ထားတာကြောင့် ပိုပြီးပေါ်လွင်သွားစေပါတယ်။ လက်ကိုဖြူဖွေးသွားစေမယ့် အရောင်လေးတွေပါ။

ဒီအရောင်လေးက အရမ်းအသားဆောင်ပါတယ်။ ဒီဇိုင်းကတော့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်မယ့် ဒီဇိုင်းလေးပါ။

အနီနဲ့အဖြူကို စပ်ဆိုးပြီး တစ်ချောင်းထဲပုံဖော်ထားတာကြောင့် ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါသေးတယ်။

ဒီဇိုင်းဆန်းပြီးအရမ်းလှသလို အရောင်တွေကလည်း အသားဆောင်တဲ့ အရောင်တွေပါပဲ။ ဒါလည်း လူကြီးလူငယ်အားလုံးနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အရမ်းပေါ်လွင်ပြီးလှနေမယ့် ဒီဇိုင်းဆန်းလေးပါ။ အဖြူများပေမယ့် အညိုနဲ့တွဲထားတာကြောင့် အသားဆောင်ပါတယ်။

ဘိုဆန်တဲ့အရောင်လေးတွေနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ကောင်မလေးတွေနဲ့တော့ ပိုပြီးလိုက်ဖက်မှာပါ။ အရောင်တွေကလည်း အသားဆောင်လို့ ဖြူဖြူညိုညို အားလုံးနဲ့ လိုက်ဖက်ပါတယ်။

Photo source:www.pinterest.com