ရုပ်ရှင်ချစ်တဲ့သူအချင်းချင်း တွေ့ရင် ဒီကားအရမ်းကောင်းတယ်.. မကြည့်ရသေးရင် ကြည့်ကြည့်လို့ ပြောရလောက်အောင် လူတိုင်းကညွှန်းကြတဲ့ K Drama တချို့ကို K Drama ချစ်သူတွေအတွက် ဝေမျှပေးချင်ပါတယ်။ ဒီထဲမှာ မကြည့်ရသေးတဲ့ဇာတ်လမ်းတွေပါရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

“Alchemy of Souls” (2022)

စိတ်ဝိညာဉ်တွေကို မှော်ဆန်ဆန်လဲလို့ရတဲ့ ကမ္ဘာထဲက လူငယ်မှော်ဆရာရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ထားတာပါ။

“Because This Is My First Life” (2017)

လက်တွေ့ဆန်သော ဆော့ဖ်ဝဲအင်ဂျင်နီယာနဲ့ Assistant Drama Writer တို့ရဲ့ နှစ်ယောက်ကြား ဘဝအခက်အခဲတွေကို အချင်းချင်း ပံ့ပိုးကူညီရင်း ဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ထားတာပါ။

“Goblin” (2016)

မသေနိုင်တဲ့ မှင်စာတစ်ယောက် နဲ့ သူရဲ့ကံကြမ္မာသတို့သမီးလို့ အခိုင်အမာသက်မှတ်ခံထားရတဲ့ အထက်တန်းကျောင်းသူလေးတို့ကြား ချစ်ခြင်းမေတ္တာကို ရိုက်ထားတဲ့ ဒီဇာတ်လမ်းက ဇာတ်လမ်းတင်မက သူ့ရဲ့ OST Song တွေကပါ နာမည်ကြီးပါတယ်။

“Her Private Life” (2019)

သူမကြိက်တဲ့ Idol ရဲ့ Fun Girl လေးတဖြစ်လဲ ပြတိုက်တာဝန်ခံကောင်မလေးတယောက် သူ့ရဲ့သူဌေးအသစ်ရောက်လာတဲ့အခါ ကိုယ်ရေးကိုယ်တာဒဏ်ရာတွေ နားလည်မှုလွဲမှားမှုတွေကိုဖြေရှင်းရင်း ပေါ်လာတဲ့ အချစ်ခံစားချက်တွေကို ရိုက်ထားတာပါ။

“Romance Is a Bonus Book” (2019)

ဒီဇာတ်လမ်းကတော့ ရုန်းကန်နေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အချိန်အကြာကြီးခင်ခဲ့တဲ့သူငယ်ချင်းနဲ့ လုပ်ငန်းလုပ်တဲ့အခါ စာအုပ်လုပ်ငန်းရဲ့ စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရတာတွေကို တွေ့ရမှာပါ။

“Thirty But Seventeen” (also known as “Still 17”) (2018)

အသက် 13 နှစ်မှာ မတော်တဆမှုတစ်ခုကြောင့် သတိမေ့သွားပြီး သတိပြန်ရလာတဲ့အချိန် အသက် ၃၃ နှစ်ကိုရောက်နေတဲ့ ကောင်မလေးတစ်ယောက် သူ့လိုဘဲ စိတ်ဒဏ်ရာရနေတဲ့ကောင်လေးနဲ့ အတူ အချင်းချင်း စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ကုစားကြပြီး အသက်ရှင်ခြင်းရဲ့ပျော်ရွှင်မှုကို ရိုက်ပြထားတာပါ။

“Thirty-Nine” (2022)

အသက်လေးဆယ်နီးပါးရှိ အခင်ဆုံးသူငယ်ချင်းသုံးယောက် အချစ်ဇာတ်လမ်းက အစ အသက်မွေးဝမ်းကြောင်းဆိုင်ရာစိန်ခေါ်မှုများအထိ ဘဝရဲ့စမ်းသပ်မှုတွေကို အတူတူရင်ဆိုင်ရင်း ရုန်းကန်မှုများကို ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။

Crash Landing on You” (2019)

ဒီဇာတ်လမ်းကတော့ ပြောစရာမလိုလောက်အောင် ရေပန်းစားခဲ့တဲ့ဇာတ်လမ်းတခုဖြစ်ပြီး ဘယ်အချိန်ပြန်ကြည့်ပြန်ကြည့် မရိုးတဲ့ဇာတ်လမ်းတစ်ခုပါ။

“Tomorrow” (2022)

မမြင်ရတာကြာပြီဖြစ်တဲ့ မင်းသမီး လီဟန်နီရဲ့ ဒီဇာတ်လမ်းဟာလည်း သူမရဲ့ချစ်ပရိတ်တွေကြားမှာ တစ်ကျော့ပြန်နေရာရလာစေတဲ့ ဇတ်လမ်းပါ။

“While You Were Sleeping” (2017)

ကြေကွဲဖွယ်ဖြစ်ရပ်တွေကို ကြိုပြီး အိပ်မက်မက်တတ်တဲ့ကောင်မလေးနဲ့ ဒီအိပ်မက်တွေ တကယ်ဖြစ်မလာအောင်တားဆီးပေးမယ့် ရှေ့နေကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။