ချစ်ဖို့ကောင်းတဲ့၊ ကျက်သရေရှိတဲ့ ဂါဝန် ဝတ်စုံတွေက မိန်းကလေးတိုင်းရဲ့ အဖော်မွန်ပါပဲ။ သင်က ပွဲ အခမ်းအနား တစ်ခုခု သွားတဲ့အချိန် လှပတဲ့ ဂါဝန်တွေက သူငယ်ချင်းကောင်းသဖွယ် ပံ့ပိုးပေးလေ့ရှိပါတယ်။ ဒီထဲမှာ ဂါဝန်တွေရဲ့ ပံ့ပိုးမှု အကြီးကြီး ရလေ့ရှိတဲ့ ဖိလစ်ပိုင် နာမည်ကျော် မင်းသမီး တစ်လတ်ရှိပါတယ်။ သူကတော့ ဖိလစ်ပိုင် ဇာတ်လမ်းကြိုက် ပရိတ်သတ်တိုင်း ရင်းနှီးမယ့် Marian Rivera ပါ။ သူမက ဖွင့်ပွဲတက်တာပဲဖြစ်ဖြစ်၊ ပွဲကျင်းပတာပဲ ဖြစ်ဖြစ် သူမရဲ့ ဝတ်ဆင်ပုံတွေက ဘုရင်မတစ်ပါးလို အမြဲ ကျက်သရေရှိ တင့်တယ်နေတတ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ဝတ်စုံတွေကတော့ ဖိလစ်ပိုင် မင်းသမီး Marian Rivera ပွဲတွေမှာ ဝတ်ခဲ့ဖူးတဲ့ တန်ဖိုးကြီး ဒီဇိုင်နာ ဝတ်စုံတွေ ပဲ ဖြစ်ပါတယ်။

အဖြူရောင် Blazer နဲ့ ခေါင်းစခြေဆုံး လှနေတဲ့ သူမ

Gala ပွဲကို တက်လာတဲ့ မင်းသမီး Marian Rivera ရဲ့ ဝတ်စုံအနက်ရောင်က သူမရဲ့ ရင်ဘတ်နေရာကို ပိုဆွဲဆောင်မှု ရှိသွားစေပါတယ်။

ပေါ့ပေါ့ပါးပါး ရှိတဲ့အပြင် ဆွဲဆောင်မှုပါရှိတဲ့ ဝတ်စုံနဲ့ တွေ့ရမယ့် Marian Rivera

ပန်းရောင် ဂါဝန်နဲ့ ထင်းထွက်နေတဲ့ သူမ

သူမရဲ့ မွေးနေ့ Photoshoot မှာ ဝတ်ဆင်ထားတဲ့ ဖဲပြား Dress

ပန်းပွင့် Pattern ဂါဝန်နဲ့အတူ နတ်သမီးတစ်ပါးအလားလှနေတဲ့ Marian Rivera ကို တွေ့မြင်ရမှာပါ။

Neutral အရောင် ဂါဝန်ကို ဆွဲကြိုး၊ အိတ်နဲ့ တွဲဖက်ကာ ဝတ်ဆင်ထားတဲ့ သူမ

Dior အိတ်၊ ကျားသစ်ကွက် ဖိနပ်အမြင့်နဲ့အတူ ပေါ့ပေါ့ပါးပါး လှနေတဲ့ Marian

တောက်ပတဲ့ ဂါဝန်နဲ့ တောက်ပစွာ လှပနေတဲ့ သူမ

ချစ်ဖို့ ကောင်းတာကော ကျက်သရေရှိတာပါ Vibe နှစ်မျိုးကို ပေးစွမ်းန်ိုင်တဲ့ မင်းသမီး Marian Rivera ကို တွေ့မြင်ရမှာပါ။

Source: Preview

By MyStyle Myanmar